
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၂၁ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့်ကျော် ၁၃ ရက်
( ၂၀၂၃ ခုနှစ် ၊ မေလ ၁၆ ရက် )
ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) ကို
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက် (၁၂)၊ နယ်မြေ (၁၉)၊ မန်ဆူရှမ်းကျောင်းနောက်၊ ဟူးမွန်လမ်း၊ အမှတ် (ဌ/ ၁၉/ ၇၆၄)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP)ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP)၏ မှတ်ပုံတင်အမှတ်မှာ ( ၁၆ ) ဖြစ်ပါသည်။
( ပုံ ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်