
ကျိုက်လတ် သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၌ နေထိုင်ကြသည့် မိဘ ပြည်သူများ စားသုံးဆီကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီမံ ဆောင်ရွက်သည့် စီစဉ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် အဖွဲ့သည် စားသုံးဆီများကို မိဘပြည်သူများ လက်ဝယ်သို့ သက်သာသော နှုန်းထားတို့ဖြင့် ရောင်းချ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်၍ ကျိုက်လတ်မြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆီတစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀နှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့စားသုံးဆီများအား သက်သာသော နှုန်းထားဖြင့် လူတစ်ဦး လျှင် ဆီ ၅၀ ကျပ်သားနှုန်းဖြင့် ယနေ့တွင် ဆီပိဿာချိန် ၂၂၀ ကို ရောင်းချပေးခဲ့ပြီး စတင်ရောင်းချပေးခဲ့သည့် သြဂုတ် ၆ ရက်မှ ယနေ့ အထိ ဆီပိဿာချိန် စုစုပေါင်း ၅၅၀ ကို မိဘပြည်သူများ၏ လက်ဝယ်သို့ အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)