ကျိုက်လတ်မြို့နယ် (လဝက)ရုံးမှ မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းများ ပြုလုပ်ရာတွင် ကျပ်ငါးသောင်းပေးနေရကြောင်း DVB ရုပ်သံမှ သတင်းအမှားဖော်ပြ

 

ကျိုက်လတ်   မတ်    ၂၃
ဧရာဝတီတိုင်းဒေသကြီး     ကျိုက် လတ်မြို့နယ်၌    (လဝက)ရုံးမှ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း များ  ပြုလုပ်ရာတွင်  ကျပ်ငါးသောင်း    ပေးနေရကြောင်း   DVB   ရုပ်သံမှ  သတင်းအမှား     ထုတ်ဖော်ခဲ့ ကြောင်း သိရသည်။
ယင်းသတင်းအား ဖော်ပြထား ခြင်းနှင့်   ပတ်သက်၍    မြို့နယ် (လဝက)  ရုံးအား      သွားရောက် လေ့လာစုံစမ်းရာတွင် မှတ်ပုံတင် နှင့်       အိမ်ထောင်စုစာရင်းများ    လာရောက်ပြုလုပ်ကြသူများ နေ့စဉ်  ၅၀  ခန့်ရှိနေကြောင်း တွေ့ရသည်။
ထိုသို့     လာရောက်ပြုလုပ် သူများကို    မေးမြန်းစုံစမ်းရာတွင် “ကျွန်မ ဒီမှတ်ပုံတင်ရုံးမှာ လာပြီး လုပ်တာ နှစ်ကြိမ်ရှိပါပြီ၊ သူတို့က ပိုက်ဆံတောင်းတာမျိုး မရှိခဲ့သလို ကျွန်မကလည်း    မပေးခဲ့ပါဘူး။ မှတ်ပုံတင်လာလုပ်တာ   ပိုက်ဆံ ကုန်လားဆိုတော့ ရွာကနေ မြို့ကို လာတာက   ဆိုင်ကယ်ကယ်ရီနဲ့ လာတော့     ကယ်ရီခကုန်တယ်။ အချိန်စောင့်နေရတော့   စားတာ သောက်တာလောက်တော့ ကုန်တာ ပေါ့၊     ဓာတ်ပုံရိုက်တာတို့၊    သွေး စစ်တာတို့      မိတ္တူဆွဲတာတို့ပဲ ကုန်တာပါ၊   ရုံးမှာတော့   ပိုက်ဆံ မပေးရပါဘူး” ဟု      မိဿလင် ကျေးရွာအုပ်စုမှ   ဒေသခံတစ်ဦး၏   ပြောကြားချက်အရ သိရသည်။
ဆက်လက်၍    မှတ်ပုံတင် လာရောက်ပြုလုပ်သူက “ကျွန်တော် တို့       ဒီရုံးမှာ      မှတ်ပုံတင်နဲ့ အိမ်ထောင်စုတွေကို      မိသားစု အတွက် အကြိမ်များစွာလာရောက် ပြုလုပ်ခဲ့ပါတယ်။ ရုံးဝန်ထမ်းများ ကို   ငွေပေးရတာမျိုး၊   သူတို့က     ငွေတောင်းခံယူတာမျိုး မရှိခဲ့ပါဘူး” ဟု  ရုံးဒေါင့်ကျေးရွာအုပ်စုမှ ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
DVB   သတင်းဌာန၏   ဖော်ပြ ချက်အရ မြို့နယ်(လဝက)ဦးစီးမှူး အား တွေ့ဆုံစုံစမ်းရာ “ကျွန်တော် တို့ရုံးအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များနှင့်       အိမ်ထောင်စု လူဦးရေစာရင်းများ    လာရောက် ပြုလုပ်ဆောင်ရွက်ရာတွင် ပြည်သူ တွေ  အခက်အခဲမရှိစေဖို့အတွက် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အခုလို ဆောင်ရွက်ပေး တဲ့အခါမှာ ကျွန်တော်တို့ရုံးအနေ ဖြင့် အခကြေးငွေများ သတ်မှတ် ထားခြင်းမရှိပါဘူး။   ကာယကံရှင် များကိုယ်တိုင် လာရောက်ပြုလုပ် ကြရန်အတွက်        ပြည်သူများကို အသိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊   အသံချဲ့စက်ဖြင့် ကြော်ငြာပေးခြင်းများကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။  ကျွန်တော့် အနေနဲ့      ရုံးမှာပြည်သူများကို အခါအားလျော်စွာ အသိပညာပေး ဟောပြောခြင်းတွေ     ပြုလုပ်ပေး ပါတယ်။ နိုင်ငံရေးစိစစ်ရေးကတ် များနဲ့         အိမ်ထောင်စုလူဦးရေ စာရင်းများ ပြုလုပ်ရာမှာ ငွေကြေး ပေးရခြင်းမျိုးလည်း  မရှိခဲ့ပါဘူး။ ပြည်သူတွေရဲ့ အခက်အခဲကို ကူညီ ပေးခဲ့တာပဲ ရှိပါတယ်၊ ကျွန်တော် တို့ဟာ ပြည်သူတွေရဲ့ ဝန်ဆောင်မှု ကို   ပေးရတဲ့ဌာနဖြစ်တဲ့အတွက် ပြည်သူများအတွက်ကိုပဲ ကြည့်ပြီး ပြုလုပ်ဆောင်ရွက်ပေးပါတယ်” ဟု  မြို့နယ်(လဝက)ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး  ဦးထွန်းဆွေက ရှင်းလင်းပြောကြားသည်။
ယနေ့  DVB Digital  ည ၈ နာရီ  သတင်း (၂၀ ရက် မတ်လ ၂၀၂၄) တွင်     ဖော်ပြထားသော ကျိုက်လတ်မြို့နယ် (လဝက)ရုံးမှ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း များ ပြုလုပ်ရာတွင် ကျပ်ငါးသောင်း ပေးနေရကြောင်း သတင်းရုပ်သံ၌     ဖော်ပြထားသော မှတ်တမ်းဓာတ်ပုံ များတွင်     မြင်တွေ့ရသော (လဝက)ဌာန၏ ရုံးဝန်ထမ်းများ နှင့် ပြုလုပ်ဆောင်ရွက်မှုများသည် ကျိုက်လတ်မြို့နယ် (လဝက) ရုံးမှ တာဝန်ရှိဝန်ထမ်းများ     မဟုတ် ကြောင်း တွေ့ရသည်။ သတင်းစဉ်