ကျိုက်လတ်မြို့နယ် အောက်ဆီဂျင်စက်ရုံ၌ အောက်ဆီဂျင်စမ်းသပ်ထုတ်လုပ်လျက်ရှိ

 

ကျိုက်လတ်  စက်တင်ဘာ  ၈


ဧရာဝတီတိုင်းဒေသကြီး   ကျိုက် လတ်မြို့နယ်တွင်      မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိမြို့ဖများ ၏ ဦးဆောင်မှုနှင့်  စေတနာရှင် အလှူရှင်များ    စုပေါင်းလှူဒါန်းမှု ဖြင့် ဝယ်ယူတည်ဆောက်ပြီးသွား သည့်    အောက်ဆီဂျင်စက်ရုံကို ယမန်နေ့ညနေပိုင်းမှ       စတင် လည်ပတ်၍     အောက်ဆီဂျင် စမ်းသပ်     ထုတ်လုပ်လျက်ရှိသည်။
အဆိုပါ    အောက်ဆီဂျင် ထုတ်စက် စမ်းသပ်လည်ပတ်၍ အောက်ဆီဂျင်  ထုတ်လုပ်နေမှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်၊      အဖွဲ့ဝင် ဗိုလ်မှူးရဲမင်း၊     ဦးစိန်မြင့်နှင့်        အောက်ဆီဂျင်         စက်ရုံဖြစ် မြောက်ရေး ကော်မတီဝင်များက လာရောက်ကြည့်ရှု   စစ်ဆေးကြ ပြီး   အောက်ဆီဂျင်ထုတ်စက်မှ တစ်နာရီလျှင်   လီတာ  ၄၀  အိုး ရှစ်အိုး   စတင်ထုတ်လုပ်နိုင်ပြီဖြစ် ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)