ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၌ ဘုရားဖူး ကုသိုလ်ပြုသူများဖြင့် စည်ကား

 

သံဖြူဇရပ်  အောက်တိုဘာ   ၂၁


မွန်ပြည်နယ်     မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်       ကျိုက္ခမီ ရေလယ်ဆံတော်ရှင်မြတ်ဘုရား တွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်အထိ    ရပ်ဝေးရပ်နီးမှ  ဘုရားဖူးပြည်သူများနှင့် ကုသိုလ် ကောင်းမှုပြုသူများဖြင့်  စည်ကား လျက်ရှိသည်။

 


အဆိုပါ ဘုရားဖူးလာပြည်သူ များအား ဂေါပကအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေး စည်းကမ်းချက်များနှင့်   အညီ  စနစ်တကျ ဖူးမြော် ကြရန်  Hand  Speaker  များနှင့် နှိုးဆော်လျက် ရှိပြီး မြို့နယ်လုံခြုံရေးတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက     ဘုရား ဖူးပြည်သူများ စိတ်အေးချမ်းသာ စွာ ဖူးမြော်နိုင်ရေးအတွက် လိုအပ် သည်များ   ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။     


သီတာဝင်း (ပြန်/ဆက်)