ကိုကိုးကျွန်းမြို့၏ ဖြစ်ပေါ်တိုးတက်မှုကို အားလုံးတွေ့မြင်နိုင်မည်ဖြစ်

 

ပထဝီနိုင်ငံရေးအရ အရေးပါသောမြေနေရာအား တည်ငြိမ်မှုကို မလိုလားသော
အကြမ်းဖက်အဖွဲ့အစည်းများ ထိုးဖောက်ဝင်ရောက်လာမှုမရှိအောင် လုံခြုံရေးသတိရှိနေရန်လို
 

 

နေပြည်တော်    မေ     ၅


နိုင်ငံတော်       စီမံအုပ်ချုပ်ရေး      ကောင်စီ   ဒုတိယဥက္ကဋ္ဌ   ဒုတိယ တပ်မတော်      ကာကွယ်ရေးဦးစီး ချုပ်     ကာကွယ်ရေးဦးစီးချုပ်   (ကြည်း)    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီး ချုပ် (ရေ) ဗိုလ်ချုပ်ကြီး   မိုးအောင်၊   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊  ရေ၊  လေ) မှ တပ်မတော်အရာရှိ ကြီးများ၊   ရန်ကုန်တိုင်း   စစ်ဌာန ချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင်  ကိုကိုးကျွန်းမြို့ရှိ        အရာရှိ၊ စစ်သည်    မိသားစုဝင်များအား တွေ့ဆုံ၍  အမှာစကားပြောကြား သည်။

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်  ကာကွယ်ရေးဦးစီးချုပ်      ကာကွယ်ရေး ဦးစီးချုပ်   (ကြည်း)   က    အမှာစကား ပြောကြားရာတွင်      ကိုကိုးကျွန်းမြို့၏ ဖြစ်ပေါ်တိုးတက်မှုကို အားလုံးတွေ့မြင် နိုင်မည်ဖြစ်ကြောင်း၊       သင့်တင့်သော လူစည်ကားမှုနှင့်အတူ   ပထဝီနိုင်ငံရေး အရ အရေးပါသောမြေနေရာအား တည်ငြိမ် မှုကို မလိုလားသော အကြမ်းဖက်အဖွဲ့ အစည်းများ ထိုးဖောက်ဝင်ရောက်လာမှု မရှိအောင်   လုံခြုံရေး     သတိရှိနေရန် လိုကြောင်း၊ ရေခြားမြေခြားတွင် တာဝန်  ထမ်းဆောင်နေကြသူများဖြစ်၍ တပ်တွင်း ၌သာမက တပ်ပြင်နှင့်ပါ  တစ်သားတည်း      စည်းလုံးမှုရှိအောင်    နေထိုင်ခြင်းဖြင့်  အကြမ်းဖက်အန္တရာယ်ကို          ကြိုတင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊  စည်းလုံး ညီညွတ်မှုအတွက်      အကောင်းဆုံး အထောက်အကူပြုမှုမှာ အားကစားပြိုင်ပွဲ များဖြစ်၍ အစုအဖွဲ့ဖြင့် လူအများအပြား ပါဝင်ကစားနိုင်သော  အားကစားပွဲများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ အဆောက်  အဦ       ထိန်းသိမ်းမှုနှင့်ပတ်သက်၍   စစ်သည်မိသားစုများအတွက် လိုအပ်သော  အခြေခံအဆောက်အဦများ  နိုင်ငံတော်  ဘတ်ဂျက်မှ ဆောင်ရွက်ပေးထားပြီးဖြစ်၍ ရေရှည်တည်တံ့  ခိုင်မြဲရေး  စနစ်တကျ ထိန်းသိမ်း     သုံးစွဲကြရန်လိုကြောင်း၊  လေ့ကျင့်ရေးနှင့်ပတ်သက်၍ တပ်မတော် သားများသည်  နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင် ရန်အတွက်         အမြဲလေ့ကျင့်နေရန်လို ကြောင်း၊ ၂၄  နာရီ တာဝန်ရှိသူများဖြစ်၍  နေ့ည   အချိန်အခါ   နေရာဒေသမရွေး လိုအပ်ချိန်တွင် တာဝန်ထမ်းဆောင်နိုင်ရ မည်ဖြစ်၍    ပေါ့ပေါ့ဆဆ      မနေရန်နှင့်  သတ်မှတ်ပေးထားသော    လေ့ကျင့်ရေး ဆိုင်ရာကိစ္စရပ်များကို     အချိန်ကာလ  အလိုက် ဆောင်ရွက်သွားရန်လိုကြောင်း၊  မိခင်ဌာနချုပ်များနှင့်   အလှမ်းဝေးကွာ သည့်နေရာတွင် တာဝန်ထမ်းဆောင်နေ ရသူများဖြစ်၍             ဆောင်ရွက်ရမည့်  သမားစဉ် လုပ်ငန်းများကို တာဝန်ရှိသူများ  စနစ်တကျ   စီမံခန့်ခွဲ၍   မပျက်မကွက် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြား ပြီး  တက်ရောက်လာကြသည့်  အရာရှိ၊  စစ်သည်    မိသားစုများ၏   တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်  ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေး သည်။

 


စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) သည် အရာရှိ၊ စစ်သည်၊  မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က  လက်ခံရယူကြသည်။

 


ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်


တွေ့ဆုံပွဲအပြီးတွင်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည်     တက်ရောက်လာကြ သည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 


အားပေးစကားပြောကြား


ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း    နိုင်ငံတော်စီမံအုပ်ချုပ်ရေး       ကောင်စီ ဒုတိယဥက္ကဋ္ဌ        ဒုတိယတပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) သည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊  ရန်ကုန်တိုင်း  ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သို့သွားရောက်၍ ဆေးရုံရေယာဉ်  ပေါ်တွင် ဆေးကုသမှု ခံယူလျက်ရှိသည့်  ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများကို ကြည့်ရှု   အားပေးစကားပြောကြားကာ မျက်စိခွဲစိတ်လူနာများအား ဆေးမျက်မှန် များ တပ်ဆင်ပေးပြီး စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်သည်။

 


ကျန်းမာရေးစောင့်ရှောက်စစ်ဆေး  


အဆိုပါ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် မေ ၄ ရက်မှစ၍ ကိုကိုးကျွန်း မြို့ပေါ်ရှိ ဒေသခံပြည်သူများအား လိုအပ် သော ကျန်းမာရေးစောင့်ရှောက်စစ်ဆေး  ကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့ အထိ  ဆေးကုသမှုဆိုင်ရာရောဂါ ၁၄၀၊ ခွဲစိတ်ရောဂါ ၅၀၊ ကလေးရောဂါ ၇၂ ဦး၊ သားဖွားမီးယပ်ရောဂါ ၆၃ ဦး၊ အရိုးရောဂါ ၁၀၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၂ ဦး၊ မျက်စိရောဂါ ၁၄၃ ဦး၊ သွားရောဂါ ၆၂  ဦး  ဒေသခံပြည်သူစုစုပေါင်း  ၆၈၀ တို့ကိုကုသပေးနိုင်ခဲ့ကြောင်း  သိရသည်။

 


လှည့်လည်ကြည့်ရှု


ထို့ပြင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)   နှင့်     အဖွဲ့ဝင်များသည် နယ်မြေခံတပ်ရှိ   အုန်းနှင့်  အုန်းထွက် ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းသို့ ရောက်ရှိ ကြပြီး   အုန်းဆီသန့်စက်ရုံ၊   အလှဆင် ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်မှု လုပ်ငန်းနှင့်        အုန်းဆံကြိုးစက်ရုံတို့ အတွင်းလှည့်လည်ကြည့်ရှုကာ တာဝန်ရှိ  သူများ၏   တင်ပြချက်များအပေါ်    နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အုန်းထွက်ပစ္စည်းများအား သမဝါယမ နှင့်     ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစား စက်မှုလက်မှုလုပ်ငန်းများနှင့်  ပေါင်းစပ်၍    ယခုထက်ပိုမိုထုတ်လုပ်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ရေးဆောင်ရွက် ရန်လိုအပ်သည့်  အခြေအနေ၊  ထုတ်ကုန် များအား    ဈေးနှုန်း    သက်သာစွာဖြင့် ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို မှာကြား သည်။

 


ကြည့်ရှုစစ်ဆေး


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ    ဒုတိယ တပ်မတော်     ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်   (ကြည်း)     နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ရှိ  ဒေသ နွားများ     မွေးမြူရေးခြံ၊      ဥစားကြက်၊ အသားတိုးကြက်၊ DYLဝက်နှင့် နို့စားနွား မွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုး မွေးမြူထားရှိမှုများအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။

 သတင်းစဉ်