ကိုဗစ်ကာကွယ်ရေးပစ္စည်းဝေနေသူကို ရက်ရက်စက်စက်ပစ်သတ်သွားတာ တော်လှန်ရေးလား

Type

 

နေခြည်သွေး

အမရပူရမြို့နယ်   မြစ်ငယ်မြို့လေးက အင်မတန်အေးချမ်းတဲ့    မြို့လေးပါ။ ဇူလိုင်လ ၁၄ ရက်နေ့က မြစ်ငယ်မြို့ လေးမှာ  ရာဇဝင်မှာ   အမည်းစက်တင် ကျန်ရစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေ ကိုဗစ်-၁၉  တတိယလှိုင်း ကြောင့် အခက်တွေ့နေချိန်  မဖြစ်မနေ အပြင်ထွက်ရမယ့် ပြည်သူတွေ ကျန်းမာ ရေးအန္တရာယ်ကင်းစေဖို့   ဈေးရှေ့မှာ နှာခေါင်းစည်းဝေနေတဲ့  အမျိုးသမီး တစ်ဦး ရက်ရက်စက်စက်    သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။ 


ဆိုင်ကယ်စီးလာတဲ့  အကြမ်းဖက် သမားနှစ်ဦးက ပြောင်းတိုနဲ့  ပစ်သတ် ထွက်ပြေးသွားကြပြီး အဲဒီအမျိုးသမီးက တော့ နေရာမှာတင် လဲကျသေဆုံးသွားခဲ့ ရပါတယ်။ ဒါဟာ   နွေဦးတော်လှန်ရေး ပဲလား၊ အပြစ်မဲ့ပြည်သူတွေကို  ကိုယ်နဲ့ ခံယူချက်၊ ယုံကြည်ချက်မတူတိုင်း ရန်သူ လိုသဘောထား ရက်စက်စွာနဲ့  လူသတ် ဝါဒဟာ နွေဦးတော်လှန်ရေးရဲ့   သရုပ် မှန်လားဆိုတာ ပြည်သူတွေက   အံ့သြ ဘနန်းဖြစ်ခဲ့ရပါပြီ။


အဲဒီအမျိုးသမီးက ရပ်ကွက်အုပ်ချုပ် ရေးမှူးတစ်ဦးလည်းဖြစ်ပြီး   လူမှုရေး၊ ရပ်ရွာအရေးတွေမှာ တက်တက်ကြွကြွဆောင်ရွက်လေ့ရှိသူလည်း ဖြစ်ပါတယ်။ အဲဒီနေ့ကလည်း  ကိုဗစ်-၁၉   ကြောင့် လူတိုင်း စတေးဟုမ်းနေရချိန်မှာတောင် သူ့ခမျာ မဖြစ်မနေ အပြင်ထွက်လာကြ မယ့်သူတွေအတွက် ပညာပေးလုပ်ငန်း တွေ၊ ကိုဗစ်ရောဂါ  ကာကွယ်တားဆီး ရေး လုပ်ငန်းတွေကို  လုပ်ဆောင်နေခဲ့ သူပါ။ အဲဒါကို ယုံကြည်ချက်မတူတိုင်း ရန်သူလိုသဘောထားပြီး အကြမ်းဖက် လူသတ်နေတာက   PDF   ရဲ့    လုပ်ရပ်၊ နောက်ကွယ်က စေခိုင်းမြှောက်ပင့်ပေး နေတဲ့   အကြမ်းဖက်လူစုတွေဖြစ်တဲ့ NUG, CRPH တို့ရဲ့ လက်ချက်ပဲ ဖြစ်ပါ တယ်။ 
သေဆုံးသူအမျိုးသမီးက ဒေါ်သက် သက်ချိုဖြစ်ပြီး သူ့လိုမျိုး အပြစ်မရှိဘဲ အကြမ်းဖက်လူတစ်စုရဲ့        မတရား သတ်ဖြတ်မှုကိုခံရသူ ဝန်ထမ်း၊ ပြည်သူ စုစုပေါင်း ၆၀၀ ကျော်လာခဲ့ပြီ   ဖြစ်ပါ တယ်။ ဒါပေမယ့် ဘယ်နိုင်ငံတကာကမှ အဲဒီသေဆုံးခဲ့ရသူတွေကို အသိအမှတ် မပြုခဲ့ပါဘူး။ ဒလန်ဆိုတဲ့  မဟုတ်မမှန် စွပ်စွဲချက်အောက်မှာ  အမှန်တရားက ပျောက်ဆုံးနေခဲ့ရပါတယ်။


ဖြစ်ရပ်တွေက မှန်မှန်ကန်ကန်ကြီးပေါ်ပေါက်နေတာတောင်မှ မီဒီယာတွေ မှာ ဒလန်မို့    အသတ်ခံရတယ်ဆိုတဲ့ ပုံပျက်ပန်းပျက် ရေးသားမှုတွေကသာ နေရာယူလျက်ရှိတဲ့အပြင် သေဆုံးရသူ ကိုတောင်   ထပ်မံစော်ကားမော်ကား ပြောဆိုတာတွေ ပြုလုပ်လာတာကို မြင်ရ တဲ့အခါ အကြမ်းဖက်လူသတ်ဝါဒီသမားတွေကိုရော၊ ဘုမသိဘမသိ ထောက်ခံ နေကြသူတွေကိုရော စိတ်ပျက်မိသလို၊ အမှန်တရား       မျက်ကွယ်ပြုခံနေရတာ အတွက်လည်း ခံပြင်းမိပါတယ်။ 
ကျောင်းသားတွေကို       ကျောင်း မတက်ရဲအောင် အမျိုးမျိုးခြိမ်းခြောက်အကျပ်ကိုင်၊ ဝန်ထမ်းတွေ   ရုံးမတက် ရဲအောင် ခြိမ်းခြောက်၊ အပြစ်မဲ့ပြည်သူ တွေကို ကိုယ်ကြိုက်တဲ့ပါတီကို မကြိုက် တိုင်း  စော်ကား၊     စောင်းမြောင်းရုံနဲ့ အားမရဘဲ  ဒလန်ဆိုပြီး   ပေါ်ပေါ်တင် တင်သတ်ဖြတ်တာ၊      အရှက်တကွဲ အကျိုးနည်းအောင်လုပ်ဆောင်တာတွေ၊ ကျောင်းတွေအနီး၊ လူစည်ကားရာနေရာ တွေမှာ ဗုံးကွဲအောင်၊   သေကျေပျက်စီး အောင်       လုပ်ဆောင်နေတာတွေကို မီဒီယာတွေက နှာစေးပြီး    အမှန်တရား ကို ဖင်ခုထိုင်ထားကြတယ်လို့   ပြည်သူ တစ်ယောက်အနေနဲ့ ခံစားလာရပါတယ်။


အခုဖြစ်ရပ်ဟာ      အကြမ်းဖက် လူသတ်လုပ်ရပ်ကြီးဖြစ်ပါတယ်။ အဓိက တရားခံတွေက NUG, PDF, CRPH တို့ ဖြစ်ပါတယ်။ ဒါကို မီဒီယာအားလုံးက လည်း သိကြတယ်။ နိုင်ငံတကာကလည်း အမှန်အတိုင်းသိချင်လို့    မြင်အောင် ကြည့်ရင်သိနိုင်ပါတယ်။    မသိချင်ဘူး ဆိုပြီး မျက်လုံးပိတ်၊    နားပိတ်ထားရင် တော့ ဘယ်လိုမှ အမှန်တရားကို မြင်နိုင် ကြမှာမဟုတ်ပါဘူး။       အကြမ်းဖက် လူသတ်လုပ်ရပ်တွေကို  တော်လှန်ရေး ဆိုပြီး ခေါင်းစဉ်တပ်တယ်။   လုံခြုံရေး တပ်ဖွဲ့ဝင်တွေကအကြမ်းဖက်သမား တွေကို နှိမ်နင်းတာကိုတော့   နှိပ်စက် ညှဉ်းပန်းတယ်ဆိုပြီး မုသားအပြည့်နဲ့ ကမ္ဘာကို    လှည့်ပတ်လိမ်ညာနေတာ တွေ  ရပ်တန်းက ရပ်သင့်နေပါပြီ။ ဆူပူ အကြမ်းဖက်မှုတွေ စတင်လာခဲ့ချိန်က စပြီး ဆန္ဒပြသူတွေထဲမှာ သာမန်ပြည်သူ တွေအပြင် NLD ပါတီကို အစွန်းရောက် စိတ်နဲ့ ဝန်းရံသူတွေပါဝင်ပါတယ်။ သူတို့ ရဲ့ ဆိုးရွားတဲ့ အတွေးအခေါ် အမှားတွေ၊ ကိုယ်နဲ့မတူ ရန်သူစိတ်ထားတွေနဲ့ အယူ အဆအလွဲတွေဟာ   အွန်လိုင်း  ပလက် ဖောင်းတွေကနေ   ပြည်သူတွေဆီကို ကူးစက်ရောက်ရှိလာခဲ့ပါတယ်။ အမျိုးမျိုး ပျံ့နှံ့နေတဲ့ သတင်းမှားတွေကို   မစိစစ် နိုင်တဲ့ (အထူးသဖြင့်) လူငယ်တွေဟာ သွေးဆူဆူနဲ့         လိုက်ပါလုပ်ဆောင်ရင်း   အခုလို  အကြမ်းဖက်လုပ်ရပ်တွေအထိ ကျူးလွန်လာမိကြတယ်လို့   ယူဆမိပါ တယ်။


မိမိတို့လျှောက်လှမ်းနေကြတဲ့ နိုင်ငံ ရေးလမ်းကြောင်းက ဒီမိုကရေစီ ဖြစ်ပါ တယ်။ အဲဒီအတွက် မိမိတို့ပြည်သူတွေ မျှော်လင့်ချက်တွေအများကြီးထားခဲ့ကြပါတယ်။ လက်သန်းတွေ မင်တို့ပြီးတော့ လည်း ပါဝင်ခဲ့ကြပါတယ်။   ဒီမိုကရေစီ ခရီးရှည်ကြီးမှာ      ၂၀၂၀     ပြည့်နှစ် ရွေးကောက်ပွဲလို မသမာမှုတွေရှိလာတဲ့ အခါ   ထောက်ပြဝေဖန်သူတွေလည်း ရှိသလို၊ အမှန်တရားအတွက် အဖြေရှာ ရင်း       နိုင်ငံတော်မယိမ်းယိုင်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထိန်းသိမ်းဖြည့်ဆည်းပေးနေချိန်ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အကြောင်း တရားမတူညီနိုင်သလို၊      ခံယူချက်၊ ရပ်တည်ချက်ဆိုတာ    ကွဲပြားကောင်း ကွဲပြားနိုင်ပါတယ်။ မတူညီတာတွေကို စုစည်းပြီး   တူညီတဲ့ပန်းတိုင်က       ဒီမို ကရေစီ   မဟုတ်ပါလား။          အချင်းချင်း ပြန်လည်သတ်ဖြတ်နေပြီး လူသတ်ပွဲကြီး နိုင်ငံအတွင်းမှာ ကျင်းပနေကြရုံနဲ့ မိမိတို့ ပြည်သူတွေအားလုံး  တောင့်တနေတဲ့ ဒီမိုကရေစီပန်းတိုင်က ပိုပြီးဝေးရုံသာရှိပါ တယ်။ 


ပြည်သူတွေဟာ   အေးချမ်းလုံခြုံမှု နည်းနည်းမှမရှိဘဲ အထိတ်ထိတ် အလန့် လန့်နဲ့    နေထိုင်နေကြရပြီဖြစ်ပါတယ်။ မည်သူမဆို     ဒလန်ဆိုတဲ့စွပ်စွဲချက်နဲ့ သေဆုံးသွားရနိုင်တယ် မဟုတ်ပါလား။ ပြည်သူတွေအနေနဲ့ လမ်းလယ်ကောင် မှာ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ ဝေငှ နေတဲ့       လက်နက်မပါတဲ့ပြည်သူကို သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်သတ် သွားခဲ့တဲ့ သတ္တိကောင်းတဲ့ သူရဲကောင်း ကြီး PDF၊   သူ့ထက်ပိုပြီး သတ္တိရှိရှိနဲ့ လေလှိုင်းကနေ သွေးဆာနေတဲ့ NUG၊ ပြည်သူအချင်းချင်း     သွေးမြေကျဖို့ မြှောက်ပင့်သွေးထိုးရာမှာ ရဲရင့်လွန်းလှ တဲ့ CRPH ဆိုပြီးတော့ပဲ အော့နှလုံးနာမိ ပါတော့တယ်။ အပြစ်မဲ့ပြည်သူတွေကို အခုလို လူသတ်ဝါဒနဲ့ အကြမ်းဖက်ခြင်း အတွက်  ပြည်သူတို့က    လက်မခံဘဲ အမြန်ဆုံးဖော်ထုတ် မြေလှန်တိုက်ထုတ် ကြပါစို့လို့    တိုက်တွန်းလိုက်ရပါတော့ တယ်။