ကိုဗစ်အလွန်ကာလတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဦးမော့လာစေရေး ကြိုးပမ်း

 

 

ဘားအံ   စက်တင်ဘာ   ၂၈


ကရင်ပြည်နယ် ဒေသဆိုင်ရာခရီး သွား    လုပ်ငန်းကော်မတီ၏  (၂/၂၀၂၁) ကြိမ်မြောက် အစည်း အဝေးကို စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပသည်။ (ယာပုံ)
အစည်းအဝေးတွင်   ကရင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး က    ကိုဗစ်အလွန်ကာလတွင် ဒေသဆိုင်ရာ    ခရီးသွားလုပ်ငန်း များ အရှိန်အဟုန်ဖြင့် ပြန်လည် ဦးမော့လာစေရေး ကြိုးပမ်းဆောင်     ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းတွင်        ပါဝင် ပတ်သက်သူအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  ထိုးနှံ ပြီးစီးရန်လိုကြောင်း၊    ပြည်နယ် အတွင်း   ခရီးစဉ်ဒေသများ   ပိုမို တိုးချဲ့အဆင့်မြှင့်တင် ဆောင်ရွက် နိုင်ရန်လိုကြောင်း၊   ရိုးရာအစား အစာများကို   ရောင်းချနိုင်သည့် ဇုန်တစ်ခု သတ်မှတ်ဖော်ထုတ်ပေး စေလိုကြောင်း ပြောကြားသည်။
ထို့နောက်   ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် က      အမှာစကားပြောကြားပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန     ပြည်နယ်တာဝန်ခံ ဦးအေးမောင်လှိုင်က     လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍     ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ပြည်နယ်    ပြည်သူ့ဆေးရုံကြီး (ဘားအံ) တွင် ဆရာဝန်၊ သူနာပြု၊  ကျန်းမာရေး    ဝန်ထမ်းများနှင့်  တွေ့ဆုံရာ လိုအပ်ချက်များအား အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင် ရွက်ပေးမည်        ဖြစ်ကြောင်း ပြောကြားသည်။  
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က ဘားအံပြည်သူ့ဆေးရုံကြီး တွင်    တက်ရောက်ဆေးကုသမှု ခံယူနေသူများအား   အာဟာရ ဖြည့်စွက်           အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်း နောက် ဘားအံပြည်သူ့ဆေးရုံကြီး သုံးထပ်တိုးချဲ့ဆောင် (၁၂၀ x ၅၆) ပေ   တည်ဆောက်ခြင်းလုပ်ငန်း    ငွေကျပ်သိန်းပေါင်း  ၁၂၀၀   ကျော် ဖြင့်    ဝိသာခါဖောင်ဒေးရှင်းနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း         လှူဒါန်းထားသည့် Oxygen Plant  ကိုလည်းကောင်း၊     ပြည်နယ်     ပြည်သူ့ဆေးရုံကြီး ကျောက်ကပ်     သန့်စင်ဌာနတွင်   ကျောက်ကပ်     သန့်စင်ပေးနေမှု အခြေအနေများ ကိုလည်းကောင်း           ကြည့်ရှု ခဲ့ကြောင်း   သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)