ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါ စာအုပ်ထွက်ရှိ

 

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၂
စာရေးဆရာ  ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၏ ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါ  စာအုပ်ထွက်ရှိ လာသည်။
ယင်းစာအုပ်သည်  ၂၀၂၀ - ၂၀၂၁ ခုနှစ်များအတွင်း ကမ္ဘာပေါ် ရှိ လူသားအပေါင်းတို့   ကြုံတွေ့ ခံစားခဲ့ကြရသည့်   ကိုဗစ် - ၁၉ ကပ်ရောဂါ   ဖြစ်ပွားနေသည့် ကာလများအတွင်း  ဖြစ်စဉ်များ ကို   အခြေခံရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ အဆို ပါစာအုပ်တွင်   ကိုဗစ် - ၁၉  ကပ် ရောဂါနှင့်ပတ်သက်သည့် သမိုင်း ကြောင်း၊ သေဆုံးမှုများ၊ ရောဂါ လက္ခဏာများ၊   ကူးစက်ခြင်း၊ ကာကွယ်ခြင်း၊  ကာကွယ်ဆေး များ၊ ရောဂါတားဆီးကာကွယ်ခြင်း နှင့် ကုသခြင်း၊ ရောဂါဖြစ်စဉ်များ၊ နိုင်ငံတကာ၏     တုံ့ပြန်မှုများ၊ ခရီးသွားလာမှုကို   တားဆီးခြင်း၊ ကမ္ဘာ့ကျန်းမာရေး   အဖွဲ့ကြီး၏ ဆောင်ရွက်ချက်များ၊    အကျိုး သက်ရောက်မှုများ၊  နိုင်ငံရေးရာ များ၊ ကိုဗစ်ကို ဘယ်လိုအဆုံးသတ် မလဲ  စသည့်အကြောင်းအရာများ ကို အခန်း(၂၇) ခုဖြင့်  တင်ပြထား သည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း   ချစ်ခင်ရသူများ၊ တန်ဖိုးထားရသူများ၊ စီးပွားရေး၊ လူမှုရေးရာများစွာထိခိုက်ခံစားခဲ့ကြရရာ ယင်း ကိုဗစ် - ၁၉  ကပ် ရောဂါကို  ထိန်းချုပ်၊ ကုသနိုင်ရန် သိပ္ပံပညာရှင်များက   ကာကွယ် ဆေးများ၊ ကုသဆေးများ ရှာဖွေ ရင်းဆေးပညာနှင့်   သိပ္ပံပညာ ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ ကိုပါ မီးမောင်းထိုးပြထားသည့် စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်သည်။
ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါ စာအုပ်ကို တန်ဖိုးငွေကျပ် ၄၀၀၀ ဖြင့် ရှင်မတောင်စာပေ၊ အမှတ် ၂၈(က)၊ ၁/အနော်မာ(၃) လမ်း အနောက်  သာကေတမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၉-၇၉၈၁၈၉ ၁၄၈၊ ၀၉-၇၇၇၁၃၉၄၇၇၊ ၀၉-၇၇၃၅၇၁၁၈၁ တို့သို့   ဆက်သွယ် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ သည်။              
   မြန်မာ့အလင်း