ကိုဗစ်​ရောဂါ ကာကွယ်ဖို့ ကာကွယ်​ဆေးထိုးကြပါစို့

၁။    ကိုဗစ် - ၁၉ ရောဂါ  ဖြစ်ပွားမှုလှိုင်းတွေ  အဆင့်လိုက်၊ အဆင့် လိုက် ဖြစ်နေရာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာတစ်ဝန်းလုံးမှာ ထိန်းချုပ်နိုင်ဖို့    အရေးကြီးဆုံး   သော့ချက်နဲ့    တစ်ခုတည်းသော ထွက်ပေါက်လို့လည်း ပြောလို့ရတာက ကာကွယ်ဆေးဖြစ်ပါတယ်။ ဒါကြောင့်    ကမ္ဘာ့နိုင်ငံအတော်များများမှာ      ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို အားစိုက်ပြီး ကျယ်ကျယ် ပြန့်ပြန့်  ဆောင်ရွက်လျက် ရှိပါတယ်။

 


၂။    ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးအနေနဲ့ ခန္ဓာကိုယ်ထဲရှိတဲ့  ခုခံအားစနစ်ကို တုံ့ပြန်မှု အားကောင်းအောင် ဆောင်ရွက်ပေးပါတယ်။ ဗိုင်းရပ်စ်တွေက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေထဲကိုဝင်ပြီး ပွားများ လာရင်    ခန္ဓာကိုယ်ရဲ့   ခုခံအားစနစ်   ပြန်လည်တုံ့ပြန်ပါတယ်။ ဒီလိုတုံ့ပြန်တဲ့  ခန္ဓာကိုယ်ရဲ့  ခုခံအားစနစ်မှာ ကိုဗစ် - ‌၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရင် ရောဂါပိုးကို ပြန်လည်တုံ့ပြန် ထိန်းချုပ် ချေဖျက်နိုင်မှုက ကာကွယ်ဆေးအပေါ်မှာ မူတည်ပြီး ရောဂါကူးစက်မှု ကို ၈၀ ရာခိုင်နှုန်းအထက် အကာအကွယ်ပေးနိုင်ပါတယ်။ ရောဂါ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရမှုကို ၉၅ ရာခိုင်နှုန်း အထက်အထိ ကာကွယ်ပေးနိုင်ပါတယ်။

 


၃။    ဒါကြောင့် ကာကွယ်ဆေးက အဓိကဖြစ်ပါတယ်၊ ကာကွယ်ရေး နည်လမ်းတွေထဲမှာ  ပါးစပ် နှာခေါင်း စည်းတပ်ပါ၊ လက်ဆေးပါ၊  ခပ်ခွာခွာနေပါ၊   ဒါတွေက   တတ်နိုင်သမျှ    ကိုယ့်ခန္ဓာကိုယ်ထဲကို ရောဂါပိုး မဝင်နိုင်အောင် လုပ်တာပါ။ ဒီကြားထဲကမှထပ်ပြီး ပိုးက ဝင်လာရင် ကာကွယ်ဆေးထိုးထားတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အသင့် ရှိနေတဲ့ ပဋိပစ္စည်းတွေက ဝင်လာတဲ့ ဗိုင်းရပ်စ်ကို ဖမ်းပြီးတားဆီး လိုက်တဲ့အတွက်   ရောဂါရဲ့  နောက်ဆက်တွဲဖြစ်တဲ့   ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွေ ပရမ်းပတာဖြစ်ပြီး ရောဂါကြောင့် သေဆုံးမှုနှုန်း ကျသွားပါတယ်။   ဒါက   ကာကွယ်ရေးမှာ    ကောင်းတဲ့အချက် ဖြစ်ပါတယ်။

 


၄။    နောက်တစ်ခုက   မိသားစုထဲမှာ   ဘယ်လိုကောင်းကျိုးတွေ ရမလဲဆိုရင်   ဗိုင်းရပ်စ်က   နှာခေါင်း၊   ပါးစပ်က   ဝင်လာတဲ့အခါ ပဋိပစ္စည်းတွေ ချေဖျက်လိုက်တဲ့အတွက် မတော်တဆ ပိုးဝင်သွားရင် တောင်မှ   ဗိုင်းရပ်စ်က  သူ့ခန္ဓာကိုယ်ထဲမှာ  မရေတွက်နိုင်အောင်  အကောင်တွေ   အများကြီးပွားလို့   မရတော့ဘူး။    သူ့နှာခေါင်း၊ ပါးစပ်ကနေ ထွက်တာလျော့သွားမယ်။ လျော့သွားရင် သူ့မိသားစု၊ သူနဲ့ထိတွေ့တဲ့သူတွေ ကူးစက်နိုင်ဖို့အတွက် တော်တော်အခွင့်အလမ်း နည်းသွားပါတယ်။   ဒါကြောင့်  ကာကွယ်ဆေးတွေသည်  ရောဂါ ကူးစက်မှုကို လျော့ကျစေပါတယ်။ ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပွား မှုကိုလည်း အတော့်ကိုလျော့ကျသွားစေတယ်။ အလွန်ကောင်းကျိုး ရှိတဲ့ကိစ္စပါ။ 

 


၅။    ဒါကြောင့် ကမ္ဘာ့နိုင်ငံကြီးတွေအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ် ဆေး ထိုးနှံခြင်းမှရရှိလာတဲ့ အကျိုးကျေးဇူးတွေကို သိရှိတဲ့အတွက် သူတို့နိုင်ငံအတွင်းမှာ   အရေးတကြီး     ထိုးနှံပေးခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းရဲ့     ကောင်းကျိုး    နောက်တစ်ခုအနေနဲ့ မကြာခင်က အင်္ဂလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့  ယူရို  ၂၀၂၁ ဘောလုံး ပြိုင်ပွဲကို တက်ရောက်အားပေးကြတဲ့ ပရိသတ်တွေအနေနဲ့ မည်သည့် အကာအကွယ်မှ    ဝတ်ဆင်စရာမလိုဘဲ      ဘောလုံးကွင်းထဲမှာ လွတ်လပ်ပေါ့ပါးစွာနဲ့ ပါဝင်အားပေးနိုင်ကြတာကို တွေ့ရပါတယ်။

 


၆။    ဒီအတွက်    မကြာမီ     နိုင်ငံတစ်ဝန်းမှာ    ထိုးနှံပေးမည့် ကာကွယ်ဆေးထိုးအစီအစဉ်တွေမှာ   မိမိနဲ့  မိမိ  မိသားစုအတွက် ရရှိလာမယ့် အခွင့်အရေးကို လက်လွတ်မခံဘဲ ပါဝင်ထိုးနှံပေးကြဖို့ လိုအပ်ပါတယ်။ မိမိတို့ နေထိုင်ရာ ဒေသ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် တစ်ခုလုံး ကာကွယ်ဆေးထိုးနှံပြီးပါက မိမိတို့ရဲ့ နေ့စဉ်ဆောင်ရွက် ဖွယ်ကိစ္စတွေကို ကိုဗစ်ဘေးကဝေးပြီး စိတ်ချယုံကြည်စွာနဲ့ လုပ်ကိုင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

 


၇။    ကိုဗစ် ကူးစက်နိုင်မှုကင်းစင်သော ရပ်ရွာအဖြစ် ရှင်သန်နိုင်ဖို့ အတွက် အားလုံးကဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးထိုး လုပ်ငန်းတွေမှာ ပါဝင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။