
နေပြည်တော် ဇူလိုင် ၂၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ တွင် ရောဂါရှာဖွေခြင်းသည်လည်း အဓိကအခန်းကဏ္ဍတွင် ပါဝင် လျက်ရှိပြီး ရောဂါပိုးတွေ့ရှိလူနာ များကို အချိန်မီ ခွဲခြားကုသ ခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွား မှုကို ထိန်းသိမ်းနိုင်မည်ဖြစ် သည်။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးသည့် စက်များကို တိုးမြှင့် တပ်ဆင်လျက်ရှိရာ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက် သည့် ခရီးစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးသော RT-PCR စက်များ မှာကြားဝယ်ယူခဲ့ သည်။
အဆိုပါ ဝယ်ယူခဲ့သော RT-PCR စက် နှစ်လုံးနှင့် Reagent၊ ဆက်စပ်ပစ္စည်းများသည် ယနေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။ ရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးသော RT-PCR စက်နှစ်လုံး၊ Reagent၊ ဆက်စပ်ပစ္စည်းများကို တာဝန်ရှိ သူများက စနစ်တကျ လက်ခံ လွှဲပြောင်းရယူပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ထိရောက်မြန်ဆန်စွာ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်