ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့် သက်ကြီးအနုပညာရှင်များအား ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်

 

နေပြည်တော်  ဇူလိုင်   ၂၅


ပြည်သူများကို   ရုပ်ရှင်၊   ဂီတ၊ အနုသုခုမ     ပညာရပ်များဖြင့် ဖျော်ဖြေတင်ဆက်ပြီး   နိုင်ငံတော် ၏   အနုပညာကဏ္ဍ   တိုးတက် အောင်    လုပ်ဆောင်နေကြသည့် အနုပညာရှင်များ၊     ၎င်းတို့နှင့် ဆက်စပ်   လုပ်ကိုင်နေကြသူများ သည်     အနုပညာလုပ်ငန်းများ လုပ်ကိုင်နေမှသာလျှင်  အဆင်ပြေ ကြသူများဖြစ်၍     ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားနေသည့် ကာလအတွင်း    အလုပ်အကိုင် ရှားပါးလျက်ရှိသဖြင့်  စားဝတ်နေ ရေး  အခက်အခဲများဖြစ်ပေါ်လျက် ရှိသည့်   သက်ကြီးအနုပညာရှင် များအား      ထောက်ပံ့ငွေနှင့် စားသောက်ကုန်     ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိသည်။

 


ထိုသို့   ထောက်ပံ့ပေးအပ်ခဲ့ ရာ  ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉    ရောဂါ   ဖြစ်ပွားနေ သည့်ကာလအတွင်း      စားဝတ် နေရေး  အခက်အခဲဖြစ်ပေါ်လျက်ရှိ သည့်      သက်ကြီးအနုပညာရှင် ဒါရိုက်တာ ငါးဦး၊ သရုပ်ဆောင် လေးဦး၊ ဇာတ်ပို့၊ ဇာတ်ရံ ၁၀ ဦး၊ ဇာတ်ညွှန်း လေးဦး၊  စက်မှု ငါးဦး၊ တည်းဖြတ် တစ်ဦး၊     ကင်မရာ တစ်ဦး၊  စုစုပေါင်း ၃၀ တို့အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့် ဆန်၊   ဆီ၊   ကြက်ဥ၊    တပ်မတော် စက်ရုံထုတ်    စားသောက်ကုန် ပစ္စည်းများ၊     လူသုံးကုန်ပစ္စည်း များကို  ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက    အဆိုပါ သက်ကြီးအနုပညာရှင်    တစ်ဦး ချင်းစီ၏    လက်ဝယ်အရောက် သွားရောက်    ထောက်ပံ့ပေးအပ် ခဲ့ရာ သက်ကြီး အနုပညာရှင်များက   ဝမ်းပန်း တသာ        လက်ခံရယူပြီး ကျေးဇူးတင်စကားများ  ပြန်လည် ပြောကြားခဲ့ကြသည်။

 


အဆိုပါ  သက်ကြီးအနုပညာ ရှင်များအတွက်     ထောက်ပံ့ ပေးအပ်ခဲ့သည့်   ထောက်ပံ့ငွေနှင့် စားသောက်ကုန်   ပစ္စည်းများ၏ တန်ဖိုးမှာ  စုစုပေါင်းငွေကျပ်  ၃၂၄ သိန်းကျော်      ဖြစ်ကြောင်းနှင့် စားဝတ်နေရေး     အခက်အခဲဖြစ် ပေါ်လျက်ရှိသည့်       အခြား သက်ကြီး    အနုပညာရှင်များကို လည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း   သတင်း ရရှိသည်။      

 

 သတင်းစဉ်