
နေပြည်တော် ဩဂုတ် ၅
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက် ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက်လျက်ရှိသောကြောင့် ရောဂါကူးစက်မှု မခံရစေရေးအတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှိ မြို့နယ်များ၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ရန်၊ လူစုလူဝေးများ ရှောင်ရှားရန် နှင့် မပြုလုပ်ရန်၊ လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးကြောခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများ ပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်း မပြုလုပ်ရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေးပန်ကြားချက် များကို တိကျစွာလိုက်နာရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်