ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊ ၄၇၉ /၂၀၂၁
၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်)
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် ခြွင်းချက်ပြုဖော်ပြ ထားသော ကိစ္စရပ်များမှအပ လူ ၅၀ ဦးထက် ပို၍ စုဝေးခြင်းမပြုရန် အမိန့်စာများအား ထုတ်ပြန်ခဲ့ပါသည်။
၂။ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လက်ရှိအခြေအနေ အရ ၃၀-၁၀-၂၀၂၁ ရက်နေ့မှစ၍ အဆိုပါအမိန့်များတွင် ခြွင်းချက် ပြု ဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၅၀ ဦးအစား လူ ၁၀၀ ဦး ထက်ပို၍ စုဝေးခြင်းမပြုရန် ပြင်ဆင်ထုတ်ပြန်လိုက်သည်။
၃။ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ဒေါက်တာသက်ခိုင်ဝင်း
ပြည်ထောင်စုဝန်ကြီး