ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန်လဲလှယ်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ (၂၁)ကြိမ်မြောက် ထွက်ခွာ

 

နေပြည်တော်  စက်တင်ဘာ   ၄


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေး ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက် မှုကြောင့် ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကုသ ရေးဌာန (ဖောင်ကြီး)တွင်   တပ်မတော်မှ  ပါဝင်ကူညီ ဆောင်ရွက်ရန်အတွက်     ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊  သူနာပြုများ ပါဝင်သော အဖွဲ့သည်  သွားရောက်  တာဝန်ထမ်းဆောင်လျက် ရှိသည်။


အဆိုပါ     ကိုဗစ်-၁၉ ရောဂါ     ကုသရေးဌာန (ဖောင်ကြီး)၌ အကြိမ် (၂၀)မြောက်အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည့်   ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်  ပါရဂူများ၊  ဆေးမှူးဆရာဝန်များ  ပါဝင်သော  ၄၀ နှင့်    တာဝန်လဲလှယ်ထမ်းဆောင်ရန်   (၂၁)ကြိမ် မြောက်တွင် သွားရောက်တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်     တပ်မတော်ဆေးတက္ကသိုလ်ရှိ  Theater ခန်းမ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်   ညွန့်ဝင်းဆွေနှင့်      တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။


ထို့နောက်    တာဝန်ထမ်းဆောင်မည့်   ဆေး ဝန်ထမ်း တပ်ဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးက သွားရောက်ရမည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းမှူးက တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ အတွက် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။


အဆိုပါတာဝန်ထမ်းဆောင်မည့်  ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များတွင်  ဆေးကုသမှု  ပါရဂူ ခြောက်ဦး၊ စိတ်ကျန်းမာရေးပါရဂူ တစ်ဦး၊ မေ့ဆေးပါရဂူ ငါးဦး၊ ခွဲစိတ်ပါရဂူ တစ်ဦး၊ ဆေးမှူးဆရာဝန် ငါးဦး၊ ကာယ ကုပါရဂူ တစ်ဦး၊ သူနာပြုအရာရှိ ရှစ်ဦး၊  ရောဂါဗေဒ ပါရဂူ သုံးဦး၊ အထက်တန်းသူနာပြု ငါးဦး၊ ဓာတ်ခွဲ ကျွမ်းကျင်  လေးဦး၊     ဓာတ်မှန်ကျွမ်းကျင်  နှစ်ဦး၊ ဆေးဝါးကျွမ်းကျင် နှစ်ဦး  စုစုပေါင်း ၄၃ ဦး  ပါဝင်၍ ၎င်းတို့သည် ရောဂါဝေဒနာခံစားနေရသော ပြည်သူ များကို  ကာကွယ်ကုသရန်   ကိုယ်တိုင်ဆန္ဒပြုခဲ့ကြ ခြင်းဖြစ်ပြီး    ယနေ့ နံနက်ပိုင်းတွင်  တပ်မတော် ဆေးတက္ကသိုလ်မှ   ကိုဗစ်-၁၉ ရောဂါ   ကုသရေး ဌာန(ဖောင်ကြီး)သို့ ထွက်ခွာသွားခဲ့ကြောင်း  သတင်း ရရှိသည်။


သတင်းစဉ်