ကိုဗစ်-၁၉ ရောဂါကြောင့် တိုကျိုမြို့ရှိ ကုမ္ပဏီများမှဝန်ထမ်းများ လုပ်ငန်းခွင် ပျက်ကွက်နိုင်

တိုကျို   ဇန်နဝါရီ   ၁၂


ဂျပန်နိုင်ငံ၌  ကိုဗစ်-၁၉   ရောဂါ ကူးစက်မှုများ မြင့်တက်နေသဖြင့်  တိုကျို မြို့ရှိ ကုမ္ပဏီများ၌ အလုပ်လုပ်ကိုင်နေသူ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကျော်ခန့် လုပ်ငန်း ခွင်    ပျက်ကွက်နိုင်ကြောင်း    တိုကျို ဒေသန္တရအစိုးရအဖွဲ့က ခန့်မှန်းပြောကြား သည်။ ထိုသို့ လုပ်ငန်းခွင်မှ ပျက်ကွက်မည့် သူများမှာ  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူများ  သို့မဟုတ်   ရောဂါပိုးရှိသူနှင့် အနီးကပ်နေထိုင်ခဲ့သူများ ဖြစ်သည်။ 


အစားထိုးတာဝန်ပေးအပ်နိုင်ရန်


ထို့ပြင် ၎င်းအလုပ်ပျက်ကွက်မည့် လုပ်သားများနေရာ၌ အစားထိုးတာဝန် ပေးအပ်နိုင်ရန်   အရေးပေါ်လုပ်ငန်းစီမံ ချက်များ ကြိုတင်ရေးဆွဲ ဆောင်ရွက်သင့် ကြောင်း သက်ဆိုင်ရာကုမ္ပဏီများအား တိုကျိုဒေသန္တရအစိုးရအဖွဲ့က ပြောကြား သည်။  နိုင်ငံအတွင်းရှိ အရေးကြီးသော အများပြည်သူ   သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၌ ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှုပိုင်း၌ အဟန့်အတား များ ဖြစ်လာနိုင်သဖြင့် အရေးပေါ်စီမံချက် များ     ကြိုတင်ရေးဆွဲဆောင်ရွက်သင့်  ကြောင်းနှင့်     အဆိုပါစီမံချက်များနှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲများကျင်းပ ခြင်းဖြင့် အကူအညီများပေးအပ်သွားမည် ဖြစ်ကြောင်း တိုကျိုမှတာဝန်ရှိသူများက ပြောကြားသည်။ 


တိုကျိုဒေသ၌   ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် ကျန်းမာရေး          စောင့်ရှောက်မှုစနစ်ကို သာမက လူမှုရေးဆိုင်ရာအခမ်းအနားများ နှင့်   စာသင်ကျောင်းများကိုပါ  လုပ်ငန်း ဆောင်ရွက်မှု နှောင့်နှေးစေခြင်း  စသည့်   အကျိုးသက်ရောက်မှုများ   ဖြစ်လာစေခဲ့ ကြောင်း တိုကျိုမြို့တော်ဝန်   ကိုကီယူရီကို က ပြောကြားသည်။ 


ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ