ကိုဗစ်-၁၉ ရောဂါကြောင့် ရုပ်ရှင်ပြသမှု ရပ်နားခဲ့ရသော ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသ

 

ရန်ကုန်    ဧပြီ    ၁၇ 


ကိုဗစ် - ၁၉ ရောဂါကြောင့် ရုပ်ရှင်ပြသမှုရပ်နားခဲ့ရသော ရုပ်ရှင်ရုံများကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက် ယနေ့တွင် ပြန်လည်ဖွင့်လှစ်ပြသရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတရုပ်ရှင်ရုံ၌ပြသသည့် မြန်မာရုပ်ရှင် ဇာတ်ကားကို ရုပ်ရှင်ချစ်မြတ်နိုးသူပြည်သူများနှင့်အတူ ကြည့်ရှုအားပေးသည်။

 


သမ္မတရုပ်ရှင်ရုံ၌ ပြန်လည် ဖွင့်လှစ်ပြသသည့် မြန်မာရုပ်ရှင် ဇာတ်ကားကို      ပြည်ထောင်စု ဝန်ကြီး        ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီး ချုပ်  ဦးစိုးသိန်းနှင့်   ဝန်ကြီးများ၊ မြန်မာနိုင်ငံ   ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ စည်သူ ဦးကြည်စိုးထွန်းနှင့် ရုပ်ရှင်အနုပညာရှင်များ၊ ထုတ်လုပ် သူများ၊ ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ    ဂီတအစည်းအရုံး ဥက္ကဋ္ဌ   ဦးလွင်မြင့်နှင့်   ဂီတအနု ပညာရှင်များ၊ ရုပ်ရှင်ချစ်မြတ်နိုးသူ ပြည်သူများ   အတူတကွကြည့်ရှု ကြသည်။ 

 


ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက  ယနေ့နံနက်ပိုင်း တွင် သမ္မတရုပ်ရှင်ရုံ၌   ရုပ်ရှင် / ဂီတနယ်ပယ်အသီးသီးမှ ထုတ်လုပ် သူများ၊      အနုပညာရှင်များနှင့် တွေ့ဆုံစဉ်   ယခုကဲ့သို့   မြန်မာ နှစ်ဆန်း ၁ ရက်နေ့  နှစ်သစ်ကူး အခါသမယတွင် နှစ်နှစ်ခန့်ရပ်နား ထားခဲ့ရသော      ရုပ်ရှင်ရုံများကို ပြန်လည် ဖွင့်လှစ်ပြသနိုင်သည့် အတွက် လွန်စွာ  မင်္ဂလာရှိသည် ဟု       ဆိုရမည်ဖြစ်ပါကြောင်း၊  ရုပ်ရှင်ရုံများကို   ရပ်နားခဲ့ရသည့် အတွက် ရုပ်ရှင်အနုပညာဖန်တီး ထုတ်လုပ်မှုအပိုင်း၊ ပြသမှုအပိုင်း ထိခိုက်ခဲ့ရာ ရုပ်ရှင်လောကသား များသာမက ၎င်းတို့နှင့် ဆက်စပ် ပတ်သက်သူများအားလုံး၏ လူမှု စီးပွားကိစ္စများတွင်   အထိုက် အလျောက်  ထိခိုက်နစ်နာမှုများ ရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊   အထူးသဖြင့်    ရုပ်ရှင် လောကသားအချို့      စားဝတ် နေရေး ထိခိုက်ခဲ့ရပြီး ၎င်းတို့၏ လူမှုစီးပွားဘဝများနှင့် အနုပညာ ဖန်တီးထုတ်လုပ်မှုများတွင် အတိုင်း အတာတစ်ခုထိ ထိခိုက်နစ်နာခဲ့ရ သည့်အတွက် မိမိအနေဖြင့် လွန်စွာ စိတ်မကောင်း ဖြစ်မိပါကြောင်း။

 


နိုင်ငံတော်     ဝန်ကြီးချုပ်က ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး နှင့် အနုပညာရှင်များ   စားဝတ် နေရေး အဆင်ပြေချောမွေ့စေရေး အတွက်   လိုအပ်သည်များ   ကူညီ ဆောင်ရွက်ပေးရန်   မကြာခဏ လမ်းညွှန်ထားပါကြောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးထုတ်လုပ် မှုအပိုင်းတွင်သာမက      ပြသမှု အပိုင်းများတွင်   ရုပ်ရှင်လောက သားများ၏   တင်ပြချက်များနှင့် အခက်အခဲများကို   သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များနှင့်   ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် ရုပ်ရှင်ရုံများ ဖွင့်လှစ်ပြသ ခြင်းမရှိသည့် ရုပ်ရှင်ရုံပိုင်ရှင်များ ကိုလည်း     အမြန်ဆုံးပြန်လည် ဖွင့်လှစ်ပြသနိုင်ရေး     ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း။

 


နိုင်ငံတော်အစိုးရက ကိုဗစ်- ၁၉ ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရ သည့် စာပေ၊ ရုပ် ရှင်၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးက လုပ်ငန်းရှင် များနှင့်     အနုပညာရှင်များကို ပြန်လည်   ကုစားဆောင်ရွက်နိုင် ရေးအတွက် ချေးငွေများထုတ်ပေး ၍ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယနေ့အချိန်တွင်      မသမာသူ အဖျက်သမားများက ရုပ်ရှင်ရုံများ ပြန်လည်   ဖွင့်လှစ်ပြသမှုများကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက် ဟန့်တားကာ   အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေကြ သည်ကို ကြားသိရသည့်အတွက် လွန်စွာ     စိတ်မကောင်းဖြစ်မိပါ ကြောင်း၊ အနုပညာရှင်များသည် လည်း      လူသားများဖြစ်သည့် အတွက် ၎င်းတို့၏ မိသားစုစားဝတ် နေရေးအတွက် အနုပညာလုပ်ငန်း များကို  ပြန်လည်လုပ်ကိုင်ခွင့်ပေး ကြရမည်ဖြစ်ပါကြောင်း၊      အနု ပညာလုပ်ငန်းများအား ရိုးသားစွာ လုပ်ကိုင်   ဆောင်ရွက်နေသူများ သည်    နိုင်ငံရေးနှင့်    ပတ်သက် ဆက်နွှယ်ခြင်း   မရှိသည့်အတွက် ၎င်းတို့အား      ပြစ်တင်ဝေဖန် တိုက်ခိုက်မှုများ ပြုနေခြင်းများကို မပြုလုပ်သင့်ပါကြောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့် ယခုလို နှစ်သစ်ကူး     အခါသမယတွင် ရုပ်ရှင်လုပ်ငန်းများ      ပြန်လည် အသက်ဝင် နိုးထလာစေကြောင်း နှင့်  အနုပညာရှင်များနှင့် ပြည်သူ များ၏   ကျန်းမာရေး၊   လူမှုရေး၊ စီးပွားရေး    စသည့်ကောင်းကျိုး လိုရာဆန္ဒများ   ပြည့်ဝစေရေး ဆုမွန်ကောင်း    တောင်းအပ်ပါ ကြောင်း ပြောကြားသည်။

 


ညနေပိုင်းတွင်        Skystar Hotel  ၌ ရုပ်ရှင်အနုပညာရှင်များ၊ ဂီတအနုပညာရှင်များ၊   ရုပ်ရှင် ထုတ်လုပ်သူများ၊ ရုပ်ရှင်ရုံပိုင်ရှင် များအား ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသ ခြင်းအထိမ်းအမှတ်       ဂုဏ်ပြု ညစာစားပွဲဖြင့်   တည်ခင်းဧည့်ခံ ခဲ့သည်။

 


မြန်မာနှစ်ဆန်း   ၁  ရက်နေ့ (ဧပြီ ၁၇ ရက်)တွင်    မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံ ၄၈ ရုံအား ပြန်လည်ဖွင့်လှစ်ပြသလျက်ရှိရာ မြန်မာဇာတ်ကားများနှင့် နိုင်ငံခြား ဇာတ်ကားများကို   ရုံတင်ပြသ လျက်ရှိပြီး ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့်     ရုပ်ရှင်ရုံများ၏ လုံခြုံရေးဆိုင်ရာများ၊    လျှပ်စစ်မီး ရရှိရေးများအပါအဝင်     အခြား လိုအပ်သည်များ ကူညီဆောင်ရွက် ပေးနိုင်ရေးအတွက်  သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ များနှင့်     ညှိနှိုင်းပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 


နံနက်ပိုင်းက     ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည်      ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် (င/က)ရပ်ကွက် ဇာဝေရာလမ်းရှိ ဓမ္မဝိဟာရ ပထမကျော် စာသင် တိုက်အတွင်း တည်ထားကိုးကွယ် ထားသည့် ဇိနမာရ်အောင်စေတီ တော်၌ တင်လှူပူဇော်မည့် ရွှေထီး တော်တင်လှူပူဇော်ပွဲသို့   တက် ရောက်   ကြည်ညိုပြီး   ဓမ္မဝိဟာရ ပထမကျော်စာသင်တိုက်  ပဓာန နာယကဆရာတော်     အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝရုဝံသာ ဘိဝံသထံ လှူဖွယ်ဝတ္ထုပစ္စည်းများ နှင့်   အလှူငွေများအား   လည်း ကောင်း၊    ဇိနမာရ်အောင်စေတီ တော်တွင်   တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်အား   လည်း ကောင်း  ဆက်ကပ်ပူဇော်လှူဒါန်း ခဲ့သည်။ 


သတင်းစဉ်