
နေပြည်တော် ဇန်နဝါရီ ၂၂
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ် ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် ဇန်နဝါရီ ၂၂ ရက်၌ ရန်ကုန်ဆိပ်ကမ်း များမှ ဆေးဝါးမျိုးစုံ ရှစ် မျိုး စုစုပေါင်း ၆၀၂၉ KG ၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီတစ်ခုမှ Paracetamol Tablet ၂၂၃၁၅ ခု၊ Sai V C (INJECTION) အခု ၁၀၄၀၊ Pai Gelus I Chewable Tablets ၆၄၆၅ ခု၊ Glucose Injection အခု ၉၇၃၂၀ ၊ Pai Smz Tablet အခု ၈၀တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်