ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

နေပြည်တော်  ဇူလိုင်   ၂၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉  ရောဂါ   ကာကွယ် ထိန်းချုပ် ကုသရေး   ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နပ်စပ် ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက် မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၂၁-၇-၂၀၂၁ ရက်နေ့တွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ၄၂ ခု မှ Oxygen Concentrator ၁၇၁၇ ခု၊ Oximeter ၂၀၄၃၈ ခု၊ Oxygen Regulator အခု ၆၀၊  NOVA-C Tablets  အခု ၄၀၆၀၊ IMMURICH Tablets အခု ၃၀၈၀ နယ်စပ်  (မူဆယ်၊ ချင်း‌ရွှေဟော်၊ ကော့သောင်း၊ မြဝတီ၊ တာချီလိတ်)တွင် ကုမ္ပဏီ ၃၂ခုမှ Surgical Mask ၃၀၀၂၇ kg၊ Oxygen Liquid ၁၅၅၈၃.၂ m3 နှင့် ၃၈.၃၂ တန်၊ Oxygen Cylinder ၃၈၇၈ ခုတို့အား ထုတ်ပေးခဲ့ပါကြောင်း သတင်းရရှိသည်။ သတင်းစဉ်