
ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး နှောင့်နှေးမှုမရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် အခြားဆေးပစ္စည်းများဝယ်ယူမှုနှင့် ပတ်သက်၍ အမေရိကန်ဒေါ်လာ ၁၆၉ သန်း အကုန်အကျခံဝယ်ယူခဲ့ပြီး ဆေးရုံ၊ ဆေးခန်းပြုပြင်ခြင်း၊ ကိုဗစ်စင်တာများနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် ငွေကျပ် ၅၆၆ ဘီလီယံသုံးစွဲခဲ့ကြောင်း၊ ထို့ပြင် အထွေထွေကိစ္စများအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းကျော်ကိုလည်း သုံးစွဲခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် သုံးစွဲရန် ဘဏ္ဍာငွေကိုလည်း အဆင်သင့်ပြင်ဆင်ထားကြောင်း၊ ထို့အတွက် တာဝန်ရှိသူများအနေဖြင့် အကျိုးရှိရှိ လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၉-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)