ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးသည့်  အသက် ၁၈ နှစ်အထက် လူဦးရေ ၁၇ သန်းကျော် မကြာမီရောက်ရှိကာ ရည်မှန်းချက်ပြည့်မီမည်

 

 

နေပြည်တော်   နိုဝင်ဘာ  ၂၉  
ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည်  နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး  ဖြူးမြို့ ပြည်သူ့ ဆေးရုံသို့ရောက်ရှိပြီး အရေးပေါ်လူနာဌာန၊ သွားနှင့် ခံတွင်းဌာန၊ ဓာတ်မှန်ခန်း၊ တီဗွီဓာတ်မှန်ခန်း၊ ဓာတ်ခွဲ ဌာန၊  ခွဲစိတ်ခန်း၊   အထူးကြပ်မတ်လူနာကုသခန်း၊  Oxygen Plant တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ထမ်းဆောင်လျက်ရှိသော    ကျန်းမာရေး ဝန်ထမ်းများကို အားပေးစကားပြောကြားသည်။
အားဖြည့်ဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံ စဉ်   ယခုအချိန်တွင်  ကိုဗစ်-၁၉  တတိယလှိုင်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်သည့် အတွက် ရရှိထားသည့်အတွေ့အကြုံအပေါ် အခြေခံ ကာ   နောက်ထပ်လှိုင်းအတွက်   ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊   နယ်စပ်ဒေသ/လေကြောင်းဝင်ပေါက်တို့မှ  ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး    New   variant   မဝင်ရောက်နိုင်စေရန် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းကို အားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း။
 နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ ကျိုင်းတုံ၊ လားရှိုး၊ မြဝတီတို့တွင် RT-PCR စက်များ တပ်ဆင် ထားရှိကာ လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မကြာမီ ထားဝယ်၊ ကလေးမြို့များတွင် RT-PCR စက်များ တိုးချဲ့တပ်ဆင်နိုင်ရေး   စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပုံမှန်မဟုတ်သည့် အစုလိုက် အပြုံလိုက် ရောဂါဖြစ်ပွားမှုတွေ့ရှိပါက   ဗီဇပြောင်းပိုး  ဟုတ်/မဟုတ် စစ်ဆေးသော ကိုဗစ်-၁၉   Gene Sequen-cing  စစ်ဆေးခြင်းကို တပ်မတော်ဆေးသုတေ သန တပ်နှင့်  ဆေးသုတေသနဦးစီးဌာနတို့တွင် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ကာကွယ်ရေးလုပ်ငန်းများ နည်းတူ     ကုသရေးပိုင်းအနေဖြင့်    ပြည်သူ့ဆေးရုံ များတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများအတွက် သီးသန့်ကုသဆောင်နှင့်    ကိုဗစ်-၁၉    ရောဂါပိုး တွေ့လူနာ      အထူးကြပ်မတ်ကုသမှုဌာနတို့အား စနစ်တကျပြင်ဆင်ထားရှိမှုအတွက်  လိုအပ်ချက် များ ပံ့ပိုးပေးနိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း အား   ၂၀၂၁   ခုနှစ်   ဒီဇင်ဘာလကုန်တွင်    အသက် ၁၈ နှစ်အထက် ရည်မှန်းအုပ်စု၏ ၅၀ ရာခိုင်နှုန်းဖြစ် သည့် လူဦးရေ ၁၇ သန်းကျော်တွင် ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်   ထိုးနှံပြီးစီးခြင်း   ရရှိစေရန် ရည်မှန်းထားပြီး ယခုအခါ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီးသူ ၁၆ ဒသမ ၃ သန်းရှိပြီး ၎င်းတွင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ  ၁၁  ဒသမ  ၅ သန်းနှင့်  တစ်ကြိမ် ထိုးနှံပြီးသူ ၄ ဒသမ ၈ သန်း ပါဝင်ကြောင်း ပြောကြား သည်။
ကိုဗစ်-၁၉   ရောဂါ    ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုကောင်းမွန်၍   ကိုဗစ်-၁၉  နောက်ထပ် လှိုင်းများ ကာကွယ်ရေးလုပ်ငန်းတွင် အထောက်အကူ ဖြစ်ကာ    ပြင်းထန်လူနာများဖြစ်ပွားမှုနှင့်     လူနာ သေဆုံးမှု      လျော့နည်းစေရန်     ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးစုရပ်များကို ကျေးလက်ကျန်းမာ ရေးဌာန/ ကျေးရွာများအထိ   တိုးချဲ့နိုင်ရေး အခြေခံ ကျန်းမာရေးဝန်ထမ်းများဖြစ်သည့်  လက်ထောက် ကျန်းမာရေးမှူး၊   အမျိုးသမီး  ကျန်းမာရေးဆရာမ၊ သားဖွားဆရာမများအနေဖြင့်   ကျေးရွာများအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအခြေ အနေတို့နှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင်  တောင်ငူမြို့ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး  ခွဲစိတ်ခန်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ     အထူးကြပ်မတ်ကုသမှုဌာန၊    ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးစီမံချက်အရ Ventilators များ ရောက်ရှိ တပ်ဆင်ထားရှိမှု၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ အရိုးနှင့် ထိခိုက်ဒဏ်ရာလူနာ/ခွဲစိတ်လူနာဆောင်၊ Oxygen Plant များ တပ်ဆင်လုပ်ငန်းဆောင်ရွက် နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။  
ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲခန်းသုံးပစ္စည်း များ၊ reagents မပြတ်လပ်အောင် စီစဉ်ဆောင်ရွက် ရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် သာမန်ရောဂါဖြစ်သော သူများ     တက်ရောက်ကုသနိုင်မည့်    ICU  များကို သီးခြားစီခွဲ၍ ဆောင်ရွက်ထားရန်၊ ဝန်ကြီးဌာနအနေ ဖြင့်   ကိုဗစ်-၁၉   တာဝန်ကျ  ကျန်းမာရေးဝန်ထမ်း များအား     လစဉ်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ညတာဝန်ကျဝန်ထမ်းများအား စားစရိတ်ထောက်ပံ့ ခြင်း၊ ဘွဲ့လွန် ဒီပလိုမာဘွဲ့များအတွက် ဘွဲ့လွန်ကြေး ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ထားရှိပြီး ကျန်းမာ ရေး အန္တရာယ်ထိခိုက်နိုင်သည့် တာဝန်ဆောင်ရွက် နေရသည့် ဓာတ်မှန်/ဓာတ်ခွဲ ကျန်းမာရေးဝန်ထမ်း များအတွက်   risk   allowance  ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်
 ပြည်သူ့ဆေးရုံကြီးများတွင်  အောက်ဆီဂျင် လိုအပ်ချက်နှင့်အညီ    ရရှိအောင်    စီမံထားရှိရန်၊ အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ရန်၊ လိုအပ် မည့်ဆေးဝါး၊ ပဋိဇီဝဆေးများ ဖြည့်ဆည်းထားရန် မှာကြားကာ တက်ရောက်လာကြသော အထူးကု ဆရာဝန်များ၊ သူနာပြုများ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်း ပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍  သူနာပြုနှင့် သားဖွားသင်တန်း ကျောင်း(တောင်ငူမြို့)သို့  ရောက်ရှိကာ သူနာပြု သင်တန်းသူများနှင့် တွေ့ဆုံ၍  သင်တန်းသူများ၏ စားဝတ်နေရေး/လုံခြုံရေး စီမံဆောင်ရွက်ထားရှိမှု၊ ခေတ်မီသင်ကြားရေး အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းထားရှိမှု၊ သင်တန်းပြီးဆုံးပါက လုပ်ငန်း ခွင် ဝင်ရောက်နိုင်ရန်  စီစဉ်ထားရှိမှုနှင့်  သင်တန်း တက်ရောက်စဉ် ပြည်သူလူထု ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင် ရွက်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရှိရသည်။ 
သတင်းစဉ်