ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ငွေလှူ

 

နေပြည်တော် ဇူလိုင်  ၁၇


မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင် အလှူရှင် များက အလှူငွေများ   ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော်    စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး စေတနာရှင် အလှူရှင်များက အလှူငွေ များ ပေးအပ်လှူဒါန်းရာတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်သည်။ ယနေ့ပြုလုပ်သော အလှူငွေပေးအပ်ပွဲတွင် စေတနာရှင် အလှူရှင်များ   လှူဒါန်းသည့်  လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ်သိန်းပေါင်း ၅၂၆၀ ဖြစ်ကြောင်း သတင်းရရှိသည်။                                                            
သတင်းစဉ်