ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ ပြည်ပမှ အဆင်ပြေ စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးနေ

 

နေပြည်တော်  မတ်  ၄


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို  လေကြောင်း၊ ပင်လယ် ရေကြောင်းနှင့်    နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်  အချိန်နှင့်တစ်ပြေးညီ  စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ  လက်အိတ် ခုနစ်တန်ကို တင်သွင်း ခဲ့ကြောင်း သိရသည်။    

 


ကိုဗစ်-၁၉  ရောဂါကာကွယ်၊  ထိန်းချုပ်၊  ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိကြောင်းနှင့်  ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့်   အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website  ဖြစ်သည့် commerce.gov.mm တွင်  ဝင်ရောက်ကြည့်ရှုနိုင် ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 


သတင်းစဉ်