ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်  ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ


 

နေပြည်တော် စက်တင်ဘာ ၂၈ 


အကောက်ခွန်ဦးစီးဌာနအနေဖြင့်   ကိုဗစ်-၁၉ ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးနှင့်ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊  နယ်စပ်ဂိတ်အသီးသီးမှ    နေ့စဉ်   လွယ်ကူချောမွေ့စွာ    စစ်ဆေးထုတ်ပေးလျက်ရှိသည်။  ထိုသို့ထုတ်ပေးရာတွင်   စက်တင်ဘာ  ၂၈  ရက်က  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  ကုမ္ပဏီရှစ်ခုမှ Emunish Tablets ၁၉၀၆၇ ခု၊  Enoxaparin  Sodium  Injection  အခု ၅၀၀၀၊ Paracetamol Tablet အခု ၄၀၀၀၊ Oxygen Booster တစ်ခု၊  N95 Masks  အခု  ၃၀၀၀၊  Oxygen Concentractor ၂၃ ခု။
ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Cylinder အခု ၃၂၂၀၊ Oxygen Plant ၃၇ ခု၊ Oxygen Concentrator ၂၉ ခု ၊ Flow Meter အခု ၄၃၀၀၊ Nasal Cannula အခု ၂၀၀၀၀ နှင့်  ဆေးဝါးမျိုးစုံ ၂၇ မျိုး (၂၅၄၄၆၇.၉၅ Kg)။
 နယ်စပ်(မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီကိုးခုတို့မှ Oxygen Cylinder  အခု ၃၀၀၊ Mask ၅၂၄၃၆ Kg ၊ Oxygen Plant တစ်ခု၊ Liquid Oxygen တန် ၂၀ ၊ Face Shield ၄၅၀ Kg   တို့ကို ထုတ်ပေးကြောင်း  သတင်းရရှိသည်။                           သတင်းစဉ်