ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း အရှိန်အဟုန်မြှင့်တင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   ဇူလိုင်   ၂၀


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း အရှိန်အဟုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၄)  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန   နေပြည်တော်၌   ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်သည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  ရန်ကုန်တိုင်းဒေသကြီးတွင်  ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများ ထပ်မံတိုးချဲ့သွားမည့် အစီအစဉ် များ၊ လူနာများ  လိုအပ်သည့်  အရေးပေါ်ကုသမှု ရရှိရန်  ဆောင်ရွက်ထားသည့်  အခြေအနေများ၊ ပုဂ္ဂလိကဆေးရုံများတွင်  ကိုဗစ်-၁၉ လူနာများ လက်ခံကုသနိုင်ရေးနှင့် အောက်ဆီဂျင်လုံလောက် စွာရရှိနိုင်ရေး စီမံဆောင်ရွက်ထားသည့် အခြေအနေ များနှင့်ပတ်သက်၍ ယနေ့အစည်းအဝေးတွင် ပွင့်ပွင့် လင်းလင်း ဆွေးနွေးသွားစေလိုပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၏ လိုအပ်ချက် များကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။


လမ်းညွှန်မှာကြား


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  ဦးလှစိုးက  ကိုဗစ်-၁၉ ရောဂါ mild, moderate လူနာများအတွက် ကိုဗစ်-၁၉ ရောဂါကုသရေးဌာနများ    ထပ်မံတိုးချဲ့သွားမည့် အစီအစဉ်များကိုလည်းကောင်း၊   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက  ကိုဗစ်-၁၉ ရောဂါ ပြင်းထန်လူနာများ ကုသနိုင်ရန် ဆေးရုံများ ထပ်မံတိုးချဲ့နေမှုအစီအစဉ် များကိုလည်းကောင်း၊       ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း က ရန်ကုန်တိုင်းဒေသကြီး၏ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေမှုအခြေအနေများ၊     ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ လည်းကောင်း တင်ပြ ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန အနေဖြင့်   ကိုဗစ်-၁၉ ရောဂါ  mild, moderate လူနာများအတွက် လိုအပ်သည့်ဆေးဝါးများ မဖြစ် မနေရရှိအောင်   စီစဉ်ဆောင်ရွက်ရေး၊   သွေးတိုး၊ ဆီးချိုရောဂါရှိသည့် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများအတွက်      ဆေးဝါးမပြတ်လပ်စေရေး၊ ဖြည့်ဆည်းပေးမည့်ကဏ္ဍများ၊ ဆက်လက်ဆောင် ရွက်သွားရမည့် လုပ်ငန်းများအားလမ်းညွှန်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


ပိုမိုသတိပြုကာကွယ်


မွန်းလွဲပိုင်းတွင်    ပြည်ထောင်စုဝန်ကြီးသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်   တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့်   တွေ့ဆုံ ဆွေးနွေးရာတွင် ဇူလိုင် ၁၈ ရက်က ပြုလုပ်ခဲ့သည့်  ကိုဗစ်-၁၉ ရောဂါကာကွယ်၊  ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ    တတိယအကြိမ်   ညှိနှိုင်းအစည်းအဝေး တွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏   လမ်းညွှန်မှာကြားချက်များကို      ဦးစွာရှင်းလင်း ပြောကြားပြီး   ပြည်သူများအနေဖြင့်   ကျန်းမာရေး နှင့်   အားကစားဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ၊  ညွှန်ကြားချက်၊  ပန်ကြားချက် များကို   တိတိကျကျ  လိုက်နာခြင်းနှင့်   ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို တိတိကျကျ ကြီးကြပ် ဆောင်ရွက်စေခြင်းတို့ဖြင့်    ရောဂါကူးစက်မှုများ လျော့ကျနိုင်မည်ဖြစ်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ များနှင့်ပူးပေါင်း၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက် သွားရန်   အရေးကြီးပါကြောင်း၊   ရောဂါကူးစက်မှု များလျော့ကျစေရေးဝန်ကြီးဌာနမှ ဖြန့်ဝေပေးထား သည့် ပါးစပ်နှင့် နှာခေါင်းစည်းများကို  ပြည်သူများ ထံ    အမြန်ဆုံးဖြန့်ဝေပေးရန်ဖြစ်ပြီး     နောက်ထပ် လိုအပ်ချက်များရှိပါက  ဝန်ကြီးဌာနမှ ဆက်လက် ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊   ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ ရောဂါကာကွယ် ရေး ပညာပေးခြင်း/ အသိပေး/ သတိပေးလုပ်ငန်း များ ဆောင်ရွက်ခြင်းကို အသံချဲ့စက်များဖြင့် ညပိုင်း တွင်သာမက နံနက်ပိုင်းနှင့် နေ့ဘက်အချိန်တွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မှသာ  အိမ်အပြင်  ထွက်မည့်သူများနှင့် လုပ်ငန်းခွင်သို့ သွားရောက်မည့် သူများအနေဖြင့် ပိုမိုသတိပြုကာကွယ်နိုင်မည် ဖြစ်ပါ ကြောင်း။


ကိုဗစ်-၁၉ ရောဂါ       ကာကွယ်ဆေးထိုးနှံမည့် လူစာရင်း    တိတိကျကျရရှိရေး၊   ကာကွယ်ဆေး ထိုးနှံမည့်သူများအား စနစ်တကျ ကြိုတင်မှတ်ပုံ တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်း စနစ်တကျထားရှိရေး နှင့် ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားများ အချိန် နှင့်တစ်ပြေးညီ   ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊     အရေးပေါ်လူနာများကို နှောင့်နှေးမှုမရှိစေဘဲ ကုသမှုရရှိစေရန် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကုသရေးတွင်  ရှေ့တန်းမှ တာဝန်ထမ်းဆောင်လျက်ရှိသူ ကျန်းမာ ရေးဝန်ထမ်းများအား ထောက်ပံ့ငွေကျပ် ၅၀၀၀၀ လစဉ်ပေးအပ်သွားမည်ဖြစ်ပြီး    ညဂျူတီတာဝန်  ထမ်းဆောင်သူများအား တစ်ညလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ထောက်ပံ့ပေးရာတွင် ကန်ထရိုက်စနစ်ဖြင့် တာဝန် ထမ်းဆောင်မည့်သူများကိုပါ    ထောက်ပံ့ပေးမည် ဖြစ်ပါကြောင်း၊   ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အောက်ဆီဂျင်   ထုတ်လုပ်မှုနှင့်    လိုအပ်ချက်ကို တွက်ချက်၍   ဗဟိုနှင့်ညှိနှိုင်းကာ  အောက်ဆီဂျင် မပြတ်လပ်အောင်    ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ ကျန်းမာရေးကြီးကြပ် (၂)များ၊ သားဖွား ဆရာမများ၊  နေ့စားဝန်ထမ်းများ  ခန့်အပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန်   လမ်းညွှန်မှာကြား သည်။


ပေါင်းစပ်ညှိနှိုင်း


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးများက လက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက   ပေါင်းစပ်ညှိနှိုင်းပေးကာ လိုအပ်သည်များကို      ဖြည့်ဆည်းဆောင်ရွက်ရန် လမ်းညွှန်မှာကြား၍  အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။      

       

 သတင်းစဉ်