ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဧပြီ   ၉


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို  လေကြောင်း၊   ရေကြောင်းနှင့်   နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  နှောင့်နှေးကြန့်ကြာမှု မရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ  စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ   ဧပြီ ၁   ရက်မှ   ၉  ရက်အတွင်း ကုန်သွယ်ရေးစခန်းများမှ ကုမ္ပဏီ သုံးခု၊ ယာဉ်စီးရေ လေးစီးဖြင့် နှာခေါင်းစည်း (Mask)  ၂၆ တန် တင်သွင်းခဲ့သည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးဆိုင်ရာ  ပစ္စည်း များကို   သက်ဆိုင်ရာဌာနများနှင့်  ညှိနှိုင်းထားသည့် SOP များနှင့်အညီ    ဦးစားပေးတင်သွင်း    ခွင့်ပြုပေးလျက်ရှိကြောင်းနှင့်  ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများ  တင်သွင်းခြင်းနှင့်ဆက်စပ်သည့်  အသိပေးကြေညာချက် များကိုလည်း အများပြည်သူသိရှိစေရန်  ဝန်ကြီးဌာန  Website   ဖြစ် သည့်  commerce.gov.mm   တွင်    ဝင်ရောက်ကြည့်ရှုနိုင်ရေး    စီစဉ် ဆောင်ရွက်ပေးထားကြောင်း  သိရသည်။

                          
သတင်းစဉ်