ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ ၂၅


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊   ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ      နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်း၊ ကျိုင်းတုံ ကုန်သွယ်ရေးစခန်းနှင့်     မြဝတီ ကုန်သွယ်ရေးဇုန်တို့မှ    ကုမ္ပဏီ လေးခု၊ ယာဉ်စီးရေ ခြောက်စီးတို့ ဖြင့် တင်သွင်းရာ၌ အောက်ဆီဂျင် အရည် Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀ နှင့် နှာခေါင်းစည်း(Mask) ၃၄ တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ် ရေးဇုန်မှ      ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။

 


ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့်  ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများတင်သွင်း ခြင်းနှင့်   ဆက်စပ်သည့်   အသိ ပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် com-merce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး   စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။


သတင်းစဉ်