ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   မတ်   ၃၁


စီးပွားရေးနှင့်        ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန      အနေဖြင့် ကိုဗစ်-၁၉   ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊   ပင်လယ်ရေကြောင်းနှင့်  နယ်စပ်ကုန်သွယ်ရေး  စခန်း များမှ  နှောင့်နှေးကြန့်ကြာမှုမရှိ  တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများမှ နှာခေါင်းစည်း  ၆ ဒသမ ၃၈ တန်ကို တင်သွင်း ကြောင်း သိရသည်။    

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ  ဦးစားပေး    တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့်     ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ    တင်သွင်းခြင်းနှင့်ဆက်စပ်သည့်     အသိပေး ကြေညာချက်များကိုလည်း   အများပြည်သူသိရှိစေရန်    ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။


သတင်းစဉ်