ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  ဧပြီ  ၁၇


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့်  နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  နှောင့်နှေး ကြန့်ကြာမှုမရှိ   တင်သွင်းနိုင်ရေးအတွက်  အချိန်နှင့်တစ်ပြေးညီ   စီစဉ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊   ယာဉ်စီးရေတစ်စီးဖြင့်    နှာခေါင်းစည်း  ၀  ဒသမ  ၅၇ တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။    

 


ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊   ထိန်းချုပ်၊    ကုသရေးဆိုင်ရာ ပစ္စည်းများကို   သက်ဆိုင်ရာဌာနများနှင့်   ညှိနှိုင်းထားသည့် SOP များနှင့်အညီ        ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့်   ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်    ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း  အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန Website  ဖြစ်သည့်  commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 


သတင်းစဉ်