ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ   ၅


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊    ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ       နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်   အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်ပေးလျက် ရှိရာ   ယနေ့တွင်   ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းနှင့်   မြဝတီ ကုန်သွယ်ရေးဇုန်တို့မှ    ကုမ္ပဏီ လေးခု၊  ယာဉ်စီးရေ   ၁၁ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် နှစ်စီး၊ တန် ၃၀ နှင့် နှာခေါင်း စည်း(Mask)    ၃၃  တန်တို့ကို တင်သွင်းခဲ့ပြီး     အောက်ဆီဂျင် (အရည်) Bowser ယာဉ် နှစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန် မြို့သို့ ဖြစ်ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်   ဆက်စပ်သည့်  အသိပေး ကြေညာချက်များကိုလည်းအများ ပြည်သူသိရှိစေရန်  ဝန်ကြီးဌာန Website  ဖြစ်သည့်  commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။ 


သတင်းစဉ်