ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၆


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို   လေကြောင်း၊  ပင်လယ်ရေကြောင်းနှင့်  နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်း နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ   ယနေ့တွင်  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေတစ်စီးဖြင့် နှာခေါင်းစည်း(Mask) နှစ်တန်ကို တင်သွင်းခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်မှ ၂၆ ရက် အတွင်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ အောက်ဆီဂျင် Plant လေးခုနှင့် ကုန်သွယ်ရေးစခန်းများမှ ကုမ္ပဏီ ၃၄ ခု၊ ယာဉ်စီးရေ ၈၃ စီးဖြင့် နှာခေါင်းစည်း (Mask) ၅၄၉ တန် တင်သွင်းခဲ့ပြီး အောက်ဆီဂျင် Plant လေးခုမှာ ရန်ကုန်မြို့သို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


ဦးစားပေးတင်သွင်းခွင့်ပြုပေး


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP  များနှင့်အညီ  ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက် ရှိကြောင်းနှင့်   ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများ  တင်သွင်း ခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။


သတင်းစဉ်