
နေပြည်တော် ဩဂုတ် ၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့်အတွက် သွင်းကုန် လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက် ရှိသည်။
ပူးပေါင်းဆောင်ရွက်
ရုံးပိတ်ရက်ကာလအတွင်း အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိမ်သုံးအောက်ဆီဂျင်စက် ၁၀၈၀၁ ခု၊ Test Kit ၃၃၉၄၂ ခု တို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ တာချီလိတ်၊ ကန်ပိုက်တီ၊ ကော့သောင်းကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် တစ်စီးဖြင့် တန် ၂၀၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) တန် ၂၀၊ အောက်ဆီဂျင်ဓာတ်ငွေ့(အိုးဖြင့်) ၃၃ တန်၊ အောက်ဆီဂျင် (Generator) ငါးခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၁၂၂၄၈ ခု၊ Test Kit ၆၃၉၄၂ ခုနှင့် နှာခေါင်းစည်း ၂၁ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ ၃၈ ခုမှ ယာဉ်အစီးရေ ၆၉ စီးဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သြဂုတ်လအတွင်း ယာဉ်အစီးရေ ၁၄၆ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)ယာဉ်ဖြင့် ၁၃၃ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၃၂ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့အိုးဖြင့် ၃၈ တန်၊ အောက်ဆီဂျင် (Generator)ငါးခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၂၂၈၁၃ ခု၊ Test Kit ၁၃၅၉၄၂ ခု၊ နှာခေါင်းစည်း ၁၈၃ တန်၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၁၀၈၄၅၄ စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ် သည်။
တင်သွင်းခွင့်ပြု
ဇူလိုင်လအတွင်း ယာဉ်အစီးရေ ၇၄၉ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၇၂၇ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၅၆၇ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊ အိမ်သုံးအောက်ဆီဂျင် စက် ၆၉၁၄၆ ခု၊ Oxygen Plant ရှစ်ခု၊ Oxygen Generator ၁၁ ခု၊ ဆေးရုံသုံးအောက်ဆီဂျင်ဖြည့်စက် လေးခု၊ Test Kit ၃၂၂၈၇၈ ခု၊ နှာခေါင်းစည်း ၁၁၀၄ တန်၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၁၈၂၉၇၅ စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ် ကုသရေးပစ္စည်းများ တင်သွင်း ရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ(Contact Person)များနှင့် အသိပေးကြေညာချက်များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်