
နေပြည်တော် ဩဂုတ် ၉
နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ် မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များ တွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။
တင်သွင်းနိုင်ခဲ့
ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ Oxygen Concentrator ၄၂၄၂ ခုနှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း မှ Oxygen Concentrator ၁၉၉ ခု အပါအဝင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်းကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် သုံးစီးဖြင့် ၅၉ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) တန် ၂၀ ၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) နှစ်တန်၊ အောက်ဆီဂျင်(အိုးခွံ) ၅၄၂၂ ခု၊ Oxygen Plant တစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၅၃၄၁ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၂၄၃၆၀ နှင့် နှာခေါင်းစည်း ၈၉ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ ၂၉ ခုမှ ယာဉ်စီး ရေ ၅၇ စီးဖြင့် တင်သွင်းလာခြင်းဖြစ် သည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ ၅၃၈ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၅၁၆ တန်၊ အောက်ဆီ ဂျင်အရည်(အိုးဖြင့်) ၁၀၉ တန်၊ အောက်ဆီ ဂျင် ဓာတ်ငွေ့အိုးဖြင့် ၆၅ တန်၊ အောက်ဆီ ဂျင် (အိုးခွံ) ၆၂၂၁၂ ခု၊ Oxygen Plant ခုနစ်ခု၊ အောက်ဆီဂျင်(Generator) ကိုးခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၅၁၂၇၅ ခု၊ Test Kit ၁၄၁၆၄၂ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၃၀၅၂၉၂ စုံ၊ လက်အိတ် တန် ၄၀ နှင့် နှာခေါင်းစည်း ၇၂၆ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
ဇူလိုင်လအတွင်း ယာဉ်စီးရေ ၇၄၉ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၇၂၇ တန်၊ အောက်ဆီဂျင် အရည်(အိုးဖြင့်) ၅၆၇ တန်၊ အောက်ဆီဂျင် ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊ အောက်ဆီ ဂျင် (အိုးခွံ) ၄၀၄၉၁ ခု၊ အိမ်သုံးအောက်ဆီ ဂျင်စက် ၆၉၁၄၆ ခု၊ Oxygen Plant ရှစ်ခု၊ Oxygen Generator ၁၁ ခု၊ ဆေးရုံသုံး အောက်ဆီ ဂျင်ဖြည့်စက် လေးခု၊ Test Kit ၃၂၂၈၇၈ ခု၊ နှာခေါင်းစည်း ၁၁၀၄ တန်၊ တစ်ကိုယ်ရေးသုံးကာကွယ်ရေး ဝတ်စုံ ၁၈၂၉၇၅ စုံ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
လွယ်ကူမြန်ဆန်နိုင်ရေး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေး အတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ် ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာ တွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို အကူအညီ လိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိ သူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေး အတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက် များကိုလည်း ဝန်ကြီးဌာန Website ဖြစ် သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
သတင်းစဉ်