
နေပြည်တော် ဇူလိုင် ၂၃
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ် ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိရာ ၂၃-၇-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၆၆ ခုမှ Oxygen Concentrator ၂၆၈၉ ခု၊ Oximeter ၉၁၉၈ ခု၊ Oxygen Regulator ငါးခု၊ Test Kit ၁၂၃၅၀ ၊ KIT, XPRESS , SARS- COV-2,10 TEST ၂၆၄၀ ၊ Flow Meter ၁၅၀ ၊ Gas Outlet ၁၅၀၊ Gloves ၁၀၀၀၀၊ Cannula ၂၀၀ ၊ KN95 Mask ၂၀၀၀၊ Oxygen Filter ၅၀၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်)တွင် ကုမ္ပဏီ ၄၅ ခုမှSurgical Mask / Face Mask ၇၃၃၉၇ Kg ၊ Liquid Oxygen ၁၅၃၉၅.၅ m3၊ Liquid Oxygen ၁၉. ၄၄ တန်၊ Oxygen Concentrator ၃၈၇၅.၄၄ ခုတို့အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်