ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး ဆေးနှင့်ပစ္စည်းများ  နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်  စက်တင်ဘာ  ၁၄


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်    ကုသရေးပစ္စည်းများအား ရေကြောင်း၊  လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ  နေ့စဉ်လွယ်ကူချောမွေ့စွာ  စစ်ဆေးထုတ်ပေးလျက် ရှိသည်။ 
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
ထိုသို့ထုတ်ပေးရာတွင်   စက်တင်ဘာ ၁၄ ရက်က    ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  ကုမ္ပဏီ  ကိုးခုမှ Oxytocin Injection ၅၀၊  Allopurinol သုံးခု၊ Zithrotex Tablets ၃၀၃၄၀၊ Vitamin C+ Zinc+D3 Tablets  ၆၁၂၈ ခု၊  Chromium Vitamin D-3  ၁၄၃၀၈ ခု၊ Spare Parts of Oxygen Concentractor  ၃၀၊  Regulator  ၁၀၀၊ Oxygen Concentrator  ၁၁၀၊ COVID-19 Rapid Test  ၂၀၀၀၀၊၊
 ရန်ကုန်ဆိပ်ကမ်းများ
ရန်ကုန်ဆိပ်ကမ်းများမှ   Disposable Face Mask  ၂၀၀၀၀၀၀၊ Oxygen Cylinder ၂၇၆၀၊ Oxygen Plant ၆၃ ခု၊ Oxygen Regulator/ Flow Meter ၁၆၈၉  ခုနှင့်  ဆေးဝါးမျိုးစုံ ၄၅ မျိုး (၂၇၇၁၇၈.၇၁ Kg)။
နယ်စပ်(ချင်းရွှေဟော်၊ မြဝတီ၊ မူဆယ်)
 နယ်စပ်(ချင်းရွှေဟော်၊ မြဝတီ၊ မူဆယ်)တွင် ကုမ္ပဏီ ၁၂ ခုတို့မှ Oxygen Cylinder ၁၀၃၀၊  Oxygen Concentrator ၂၀၈ ခု၊  Mask ၄၂၂၀၀ Kg ၊ Liquid Oxygen  ၁၉ m3၊ Liquid Oxygen  တန် ၂၀၊ Flow Meter /Regulator ၁၅၀၀၊  PPE ၁၇၀၀ ၊ Oxygen Plant နှစ်ခု၊ Dispo-sable Cap  ၅၀၀ Kg ၊   Syringe ၄၁၆၀၊   Infusion ၉၇၂ ခု၊ Sodium Chloride Injection ၅၈၈၄၈ Kg၊  Dexsone Injection ၂၄၄၈၆ Kg၊ Vitamin-C Tablet  ၃၄၃၂ Kg၊   Glucose Injection  ၁၄၀၄၈ Kg၊ Surgical Gown ၅၀၀ Kg ၊    Glove ၂၈၀၀၀ Kg တို့ကို  ထုတ်ပေးခဲ့ကြောင်း     သတင်းရရှိသည်။                                  သတင်းစဉ်