
နေပြည်တော် ဇန်နဝါရီ ၁၃
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိသည်။ ထိုသို့ ထုတ်ပေးရာတွင် ဇန်နဝါရီ ၁၃ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၅၀ စုစုပေါင်း ၁၂၁၇၃၄ ဒသမ ၉၆ KG ၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီတစ်ခုမှ GLUCOSE INJECTION ၂၅၂၇၂ ခု၊ PAI DICLO INJECTION ၂၄၂၀၀ ၊ PAI B PLEX INJECTION ၂၁၀၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်