ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

နေပြည်တော်  စက်တင်ဘာ  ၁၈


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ် - ၁၉  ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး   ပစ္စည်းများ အား  ရေကြောင်း၊  လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိရာ       ယနေ့      တွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌  ကုမ္ပဏီ လေးခုမှ Paclimark  Injection    ၁၀၀၀၊ Zinc Capsules ၃၀၀၀၀၊ Spirulina Capsules  ၆၄၀၀၊   Vitalty Softgels ၆၀၀၀၊  Chitosan Capsules ၄၀၀၀၊ Multivitamin &    Multimineral     Tablets    ၁၄၄၀၊  Mixtard   30  100IU  ၃၂၀၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ အောက်ဆီဂျင် ထုတ်သည့်စက် နှစ်ခု၊ Oxygen  Cylinder ၁၁၀၀၊ မျက်နှာအကာ ၂၃၆၄၀၀၀၊ Oxygen Mask  ၅၅၀၀၀၊ Pluse Oximeter ၁၄၀၀ နှင့် ဆေးဝါးမျိုးစုံ  ၃၅ မျိုး ၁၇၈၅၆၉ ဒသမ ၄၃ ကီလိုဂရမ်၊ နယ်စပ်(မူဆယ်၊   တာချီလိတ်၊ ချင်းရွှေဟော်၊ မြဝတီ)တွင် ကုမ္ပဏီ ၁၉ ခုတို့မှ    Oxygen  Cylinder ၅၀၄၀၊ အိမ်သုံးအောက်ဆီဂျင်စက် ၂၁၀၊ နှာခေါင်းစည်း ၆၁၀၀ ကီလို ဂရမ်၊   အောက်ဆီဂျင်အရည် ၁၄၆၂၇ ကုဗမီတာ၊    Cannula ၇၆၀၀၀၊ Flow Meter / Regulator ၁၀၃၃ ခု၊        တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ       ၅၀၀၊ အောက်ဆီဂျင်ထုတ်သည့်စက် ခြောက်ခု၊ Oxygen Mask ၇၅၀၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း  သိရ သည်။      

             
   သတင်းစဉ်