
နေပြည်တော် ဖေဖော်ဝါရီ ၁၆
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို လေကြောင်း၊ ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။
ဖေဖော်ဝါရီ ၁၆ ရက်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီတစ်ခုမှ Molnutor 200 Capsule ခြောက်ခု၊ ရန်ကုန် ဆိပ်ကမ်းများမှ Grossing Station တစ်ခု၊ Micro Cuvette Segment ၂၅၂ ခု၊ Clean Cell M ၇၂ ခု၊ Procell M ၂၁၆ ခု၊ ဆေးဝါးမျိုးစုံ ၂၆ မျိုး စုစုပေါင်း ၅၇၈၅၀ ဒသမ ၉၁ Kg ၊ နယ်စပ် (လွယ်ဂျယ်၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီနှစ်ခုမှ Mask ၈၄၀၀ Kg ၊ Syringe အခု ၂၀၇၉၀ ၊ Infusion အခု ၈၆၀၀ တို့ကို ထုတ်ပေးကြောင်း သိရ သည်၊၊
သတင်းစဉ်