
နေပြည်တော် ဇူလိုင် ၂၄
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ် ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၆၈ ခုမှ Oxygen Concentrator ၂၉၀၉ ခု၊ Oximeter ၉၅၀၃ ခု၊ Oxygen Regulator ၁၅၁၀ ခု၊ Test Kit ၅၁၇၂၅ ၊ Mincy-500 Tablet ၉၇၄၄ ခု၊ Flow Meter ၂၅ ခု ၊ Actemra Solution Infusion အခု ၁၀၀၊ Blow Bottle Mould ၁၇ ခု၊ ရန်ကုန်ဆိပ်ကမ်းများမှ ကိုဗစ်-၁၉ ကာကွယ် ကုသဆေး နှင့် အခြားဆေးမျိုးစုံ ၂၇ မျိုး ၅၇၂၅၈ kg၊ နယ်စပ်(မူဆယ်၊ ချင်းရွှေဟော်၊ ကော့သောင်း၊ မြဝတီ၊ တာချီလိတ်)တွင် ကုမ္ပဏီ ၃၀ ခုမှ Surgical Mask / Face Mask ၁၈၀၁၃ Kg ၊ Liquid Oxygen ၁၅၄၀၁.၃ m3၊ Oxygen Concentrator ၉၆ ခုနှင့် Oxygen Regulator ၇၅၀ ခု၊ Oxygen Cylinder ၅၅၃၂ ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်