ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၂၂

အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး  ပစ္စည်းများ အား  ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီး မှ   နေ့စဉ် လွယ်ကူချောမွေ့စွာ     စစ်ဆေးထုတ်ပေးလျက်ရှိသည်။  


ထိုသို့     ထုတ်ပေးရာတွင်  စက်တင်ဘာ ၂၂  ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  ကုမ္ပဏီ ငါးခုမှ Cilidipine ၁၀ ခု၊ Amitriptyline Hydro- Chloride ၃၄ ခု ၊ Vecuronium Bromide  အခု ၅၀၊ Acuclav (Amoxicillin+ Clavulanic Acid) အခု ၄၁၅၀၊ Azicure (Azithromycin)  ၈၁၆၃ ခု ၊ Cefolac  အခု ၃၈၀၊ Doxoril  ၉၂၈ ခု၊ Takevit အခု ၅၀၀၀၊ Endozine  အခု ၃၀၀၀၊ Panto-card  ၂၉၈၁ ခု၊ Endex-4  ၁၉၉၇ ခု၊ Orgamol ၁၀၂၈ ခု၊ Rebosoft အခု ၃၀၀၀၊ Brainact Injection ၃၇၄၂ ခု၊ Carcan အခု ၃၀၀၊ Merofen Injection အခု ၅၀၀၊ Paxus Injection အခု ၁၀၉၅။ 


ရန်ကုန်ဆိပ်ကမ်းများမှ Oxy-gen Cylinder ၁၄၇၄ ခု၊ Oxygen Regulator အခု ၇၀၀၊ Oxygen Concentrator  ၆၈ ခု ၊ Oxygen Concentrator ခုနစ် ခု၊  Inhaler အခု   ၂၅၅၀၀၊   Gloves  အခု ၃၅၀၀၀၊  Mask  အခု ၄၉၀၀၀၊ Disposable Dental Needle အခု ၂၆၀၀ နှင့်  ဆေးဝါးမျိုးစုံ ၆၁ မျိုး ၂၉၂၅၄၆ ဒသမ ၈၆ Kg ။


နယ်စပ်  (မြဝတီ၊  ချင်းရွှေ ဟော်)တွင်    ကုမ္ပဏီရှစ်ခုတို့မှ Oxygen  Cylinder   ၁၀၅ ခု၊ Mask ၁၉၅၀၀ Kg ၊ Liquid Oxygen ၁၅၄၆၂ m3၊ Sodium Chloride Injection ၅၃၉၀၀ Kg ၊ Glucose Injection  ၂၆၉၅၀ Kg၊ Gentam-ycin Sulphate Injection ၄၂၈၅၆ Kg  တို့ကို ထုတ်ပေးခဲ့ကြောင်း  သတင်းရရှိသည်။      

သတင်းစဉ်