ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်   စက်တင်ဘာ   ၂
ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်း ကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌        ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများ တွင်     စနစ်တကျ    လက်ခံ၍   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။  ထို့ပြင် ကျန်းမာရေးဝန်ကြီး ဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူ များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာမြို့နယ်များ ၌    Quarantine    Center   များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 
ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို        ယနေ့တွင် တိုင်းဒေသကြီးနှင့်      ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊   သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်- ၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်    အလှူငွေများ ပေးအပ်ကာ    လိုအပ်သည်များ      ညှိနှိုင်း ဆောင်ရွက်ပေးသည်။  
ပြင်ဆင်လက်ခံဆောင်ရွက်
ထိုသို့     ပြင်ဆင်လက်ခံဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ည ၇ နာရီအထိ  နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား  ၁၃၉ ဦးနှင့် အမျိုးသမီး ၇၉ ဦး စုစုပေါင်း  ၂၁၈  ဦးကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင် မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၅၆ ဦး ကိုလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံ တပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ  အမျိုး သား  ၁၉ ဦး ၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၂၈ ဦးကိုလည်းကောင်း  အသီးသီး  လက်ခံထားရှိ ကြောင်း  သိရသည်။
ကူညီဆောင်ရွက်ပေး
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု  ပိုးတွေ့လူနာများ၏   နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို  သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက   ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်