ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၁


ကိုဗစ်-၁၉    ရောဂါ    အတည်ပြု လူနာများနှင့်   သီးသန့်စောင့်ကြည့် ရမည့်သူများ      ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်      နယ်မြေ အသီးသီးရှိ    တပ်မတော်ဆေးရုံ များ၊   နယ်မြေခံသင်တန်းကျောင်း များ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌    ကြိုတင်ပြင်ဆင်မှု များကို      လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင်     စနစ် တကျလက်ခံ၍     ကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ ဆောင်ရွက်ပေးလျက်   ရှိသည်။ ထို့ပြင်   ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ    တာဝန်ရှိသူ များ၊      ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း   သက်ဆိုင်ရာ   မြို့နယ် များ၌    Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။ 
ယင်းသို့  ပြင်ဆင်ဆောင်ရွက် ပေးနေမှုများနှင့်     ကျန်းမာရေး စောင့်ရှောက်မှု        လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ      တာဝန်ရှိသူများ၊ သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်များ မှ   တိုင်းမှူးများနှင့်   တာဝန်ရှိသူ များက     သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ  အထောက်အကူ ပြုပစ္စည်းများ၊  အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်  အလှူ ငွေများပေးအပ်ကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။  
ထိုသို့ ပြင်ဆင်လက်ခံဆောင် ရွက်ပေးလျက်ရှိရာ     ယနေ့ည ၇နာရီအထိ  နေပြည်တော်စစ်ကြော ရေးနှင့်       တည်းခိုရေးစခန်း၌ သီးသန့်    စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၄၂ ဦးနှင့် အမျိုးသမီး ၉၀      စုစုပေါင်း    ၂၃၂    ဦးကို လည်းကောင်း၊  ရန်ကုန်တိုင်းဒေသ ကြီး  လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌      ဓာတ်ခွဲ အတည်ပြု        ပိုးတွေ့လူနာ အမျိုးသား  ၃၂ ဦးနှင့် အမျိုးသမီး ၁၉ ဦး     စုစုပေါင်း ၅၁ ဦး ကိုလည်းကောင်း၊    ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၉ ဦး စုစုပေါင်း ၃၀ ကိုလည်းကောင်း      အသီးသီး လက်ခံထားရှိကြောင်း  သိရသည်။
အဆိုပါ    စောင့်ကြည့်လူနာ များနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက် ရေးနှင့်ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို     သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ  နယ်မြေခံ ဆေးကုသရေး      အဖွဲ့များနှင့် တာဝန်ရှိသူများက    ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း   သတင်း ရရှိသည်။


သတင်းစဉ်