ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက် ပြီးစီးသည့်စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်  ဩဂုတ်  ၁၇


ကိုဗစ်-၁၉ ရောဂါ  အတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ   ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများ၊   နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို  လုပ်ဆောင်လျက်ရှိရာ ပြီးစီးသည့် နေရာများတွင်  စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်း များ၊  တာဝန်သိပြည်သူများနှင့်      ပူးပေါင်း၍ သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 


ညှိနှိုင်းဆောင်ရွက်


ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို  ယနေ့တွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ  တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ  တိုင်းမှူးများနှင့် တာဝန် ရှိသူများက  သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊    အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့်   အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။  ထိုသို့    ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ည ၇ နာရီအထိ  နေပြည်တော်စစ်ကြောရေးနှင့်  တည်းခိုရေးစခန်း၌  သီးသန့်စောင့်ကြည့် ရမည့်သူ   အမျိုးသား ၁၉၇ ဦးနှင့်   အမျိုးသမီး ၁၂၉  ဦး      စုစုပေါင်း ၃၂၆ ဦးကို    လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ   နယ်မြေခံတပ်၌   ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၁၃ ဦးနှင့် အမျိုး သမီးလေးဦး စုစုပေါင်း ၁၇ ဦးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၁၄၅ ဦးနှင့် အမျိုးသမီး ၁၃၃ ဦး စုစုပေါင်း ၂၇၈ ဦးကိုလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံ တပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၄၉ ဦးနှင့် အမျိုးသမီး ၂၇ ဦး   စုစုပေါင်း ၇၆ ဦးကို လည်းကောင်း  လက်ခံထားရှိကြောင်း သိရသည်။


အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်များရှိ  နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့်     တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း        သိရသည်။


သတင်းစဉ်