ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက် ပြီးစီးသည့် စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေး

 

နေပြည်တော်   စက်တင်ဘာ   ၁၈


ကိုဗစ်-၁၉  ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊   နယ်မြေခံသင်တန်း ကျောင်းများ၊ စစ်ကြောရေးနှင့်   တည်းခိုရေး စခန်းများ၌       ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများ တွင်   စနစ်တကျလက်ခံ၍       ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ   ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင်   ကျန်းမာရေးဝန်ကြီး ဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူ များနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ် များ၌    Quarantine   Center  များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 


လက်ခံထားရှိ


ထိုသို့      ပြင်ဆင်လက်ခံဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး ၃၀၊ စုစုပေါင်း  ၇၈   ဦးကို လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး   လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၈ ဦးကို လည်း ကောင်း အသီးသီး လက်ခံထားရှိကြောင်း  သိရှိ ရသည်။


အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု   ပိုးတွေ့လူနာများ၏      နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များ နှင့် တာဝန်ရှိသူများက   ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်