
နေပြည်တော် စက်တင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း များ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ (ယာပုံ) ထို့ပြင် ကျန်းမာရေးဝန်ကြီး ဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာ မြို့နယ် များ၌ Quarantine Center များ ကိုလည်း ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။
ယင်းသို့ ပြင်ဆင်ဆောင်ရွက် ပေးနေမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီး သီးမှ တာဝန်ရှိသူများ၊ သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်း များ၊ အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ပြင်ဆင်လက်ခံဆောင် ရွက်ပေးလျက်ရှိရာ ယနေ့ ည ၇ နာရီထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ သီးသန့်စောင့်ကြည့်ရမည့် သူ အမျိုးသား ၁၄၄ ဦးနှင့် အမျိုး သမီး ၁၂၀ စုစုပေါင်း ၂၆၄ ဦးကို လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ အမျိုး သား ၃၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၄၆ ဦးကို လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၉ ဦးကို လည်း ကောင်း အသီးသီးလက်ခံထားရှိ ကြောင်း သိရှိရသည်။
အဆိုပါ စောင့်ကြည့်လူနာများ နှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန် ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်