ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများအား ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ


 

နေပြည်တော် အောက်တိုဘာ  ၁၉


ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့်   သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက်       တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ      တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်း ကျောင်းများ၊    စစ်ကြော ရေးနှင့်  တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍   ကျန်းမာရေး စောင့်ရှောက်မှု    လုပ်ငန်းများ    ဆောင်ရွက်ပေးလျက်ရှိသည်။   
ထိုသို့ လက်ခံဆောင်ရွက်ပေးလျက်ရှိ ရာ   ယနေ့ည ၇ နာရီအထိ     နေပြည်တော်   စစ်ကြောရေးနှင့်     တည်းခိုရေးစခန်း၌     သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား ၆၇ ဦးနှင့်   အမျိုးသမီး ၅၃ ဦး  စုစုပေါင်း ၁၂၀ ကိုလည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့်   တည်းခိုရေးစခန်း၌   ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား လေးဦးနှင့်  အမျိုးသမီး  သုံးဦး   စုစုပေါင်း   ခုနစ်ဦးကို လည်းကောင်း လက်ခံထားရှိကြောင်း  သိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့်   ဓာတ်ခွဲအတည်ပြု   ပိုးတွေ့ လူနာများ၏    နေထိုင် စားသောက်ရေးနှင့်  ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းများကို သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေး ကုသရေးအဖွဲ့များနှင့်  တာဝန်ရှိသူများက  ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်