ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော်  ဩဂုတ်   ၁၈


ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြား  လူသုံးကုန်လုပ်ငန်းများ  ကုန်ထုတ်လုပ်မှု    ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး   ဆောင်ရွက် လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက      အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ  ယနေ့တွင် ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း      စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများသည်  တောင်ငူ မြို့၊ ကေတုမတီ  ငါးမွေးမြူရေး ကန်၊ ဧက ၃၀ မျိုးစေ့ ထုတ်စိုက် ခင်း၊ ရွှေဝါဥစားကြက်မွေးမြူရေးလုပ်ငန်းတို့ကို      သွားရောက် ကြည့်ရှု၍   တာဝန်ရှိသူများနှင့် တွေ့ဆုံကာ   စိုက်ပျိုးမွေးမြူရေး နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။ 
ထို့ပြင် ကိုဗစ်-၁၉   ရောဂါ ဖြစ်ပွားမှုကြောင့်      လမ်းပန်း ဆက်သွယ်ရေး     ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး   ဈေးကွက်အတွင်းရောင်းချရန်အခက်အခဲဖြစ်ပေါ် လျက်ရှိသည့်  ဒေသခံတိုင်းရင်း သားပြည်သူများ၏ စိုက်ခင်းများမှ သီးနှံများကို နယ်မြေခံတပ်မတော် သားများက   ဒေသပေါက်ဈေး အတိုင်း     ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသ ကြီး    ထားဝယ်မြို့နယ်    ထီးခီး ဒေသဘက်မှ    ဒေသခံတောင်သူ များ၏ စိုက်ခင်းများမှ သီးနှံများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ်  နယ်မြေခံတပ်မတော်သား များက  ဒေသပေါက်ဈေးအတိုင်း သွားရောက်     ဝယ်ယူပေးခဲ့ပြီး အဆိုပါဝယ်ယူခဲ့သည့်    သီးနှံ များကို  ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာများသို့    ဖြန့်ဝေလှူဒါန်း သွားမည်ဖြစ်ကြောင်း    သတင်း ရရှိသည်။                

သတင်းစဉ်