ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုး/မွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်    ဩဂုတ်    ၁၇


တိုင်းစစ်ဌာနချုပ်  နယ်မြေအသီးသီးရှိ   အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုး/ မွေးမြူရေးနှင့်        အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု  ရာနှုန်းပြည့်   ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ  ဝန်ကြီးချုပ်များ၊  တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက် ကြည့်ရှုကြပြီး    လိုအပ်သည်များ     ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  အောင်အောင်နှင့် တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး   ကွင်းကောက်မြို့   နယ်မြေခံ သင်တန်းကျောင်းရှိ  စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ စက်မှုဇုန် ရပ်ကွက်ရှိ မြဘုရင်နို့ဆီချက်စက်ရုံ၊ ကျောက်ဆစ်ပုံ (တောင်)ရွာရှိ ကြက်မွေးမြူရေးဇုန်၊ ရွှေပြည်အေး ရပ်ကွက်ရှိ ငုံးမွေးမြူရေးဇုန်တို့ကိုလည်းကောင်း  သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ ကာ စိုက်ပျိုး/မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည် များ     ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                             
  သတင်းစဉ်