ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း  ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်

 

 

နေပြည်တော်   ဇန်နဝါရီ   ၁၀
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များသည် တိုင်းစစ် ဌာနချုပ်ရှိ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊ အနောက်  တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင် များသည် ပုသိမ်မြို့ရှိ နယ်မြေခံတပ်၏ မိုးစပါးရိတ်သိမ်းနေမှုနှင့် နွေစပါး စိုက်ပျိုးရန် ထွန်ယက်နေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။                                   သတင်းစဉ်