ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဩဂုတ်  ၇


ကိုဗစ်-၁၉ ရောဂါ  တတိယလှိုင်း   ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊  ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင်   ဒေသတွင်း  စားနပ်ရိက္ခာ ဖူလုံရေးနှင့်    ပြည်သူများ၏စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက်  တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိက ပိုင်ဒေသတွင်း  စိုက်ပျိုးမွေးမြူရေးနှင့်  အခြားလူသုံး ကုန်လုပ်ငန်းများ     ကုန်ထုတ်လုပ်မှု    ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး   ဆောင်ရွက်လျက်ရှိရာ   တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်  တာဝန်ရှိသူများက  အဆိုပါနေရာ များသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် ထင်လတ်ဦးနှင့်တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်း မြို့နယ်ရှိ ကဏန်းပျော့မွေးမြူရေးလုပ်ငန်းကုမ္ပဏီ၏ လုပ်ငန်း    ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ်        ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများသည် ဟားခါးမြို့     စိုက်ပျိုးရေးဦးစီးဌာန    ကျောဘုတ် ဥယျာဉ်ခြံ   (ပြည်ထောင်စုခြံ)   သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်      ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများသည် အမရပူရမြို့နယ် တမုတ်စိုးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး ဧက ၁၀၀ စံပြစိုက်ကွက်တွင် တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး       ဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှု၍  တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။   ထို့ပြင်တောင်သူများကို   စိုက်ပျိုးရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။


သတင်းစဉ်